ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိမဲရုံးများကို စစ်ဆေးကြည့်ရှု့

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ရှိမဲရုံးများကို စစ်ဆေးကြည့်ရှု့
ဓာတ်ပုံ- အောင်မြတ်သူ / မဇ္ဈိမ

ဩဂုတ်လ ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ်လ၁၄ရက်နေ့နံနက်ပိုင်းက နေပြည်တော်တွင်းကမဲရုံများကို သွားရောက်စစ်ဆေးကြည့်ရှု့တာလုပ်ခဲ့ပါတယ်။

ပထမအကြိမ် မဲစာရင်း စစ်ဆေးရန် ဩဂုတ်လ၁ ရက်နေ့ကနေ ဩဂုတ်လ ၁၄ရက်နေ့အထိ ကော်မရှင်ဘက်က ရက်တိုးမြှင့်ပြီးတဲ့နောက်မှာ ဒီကနေ့ သောကြာနေ့ဟာ နောက်ဆုံးရက်လည်းဖြစ်ပါတယ်။

ပြည်ထောင်စုနယ်မြေနေပြည်တော်တွင်းမှာ ၂၀၂၀အ‌ထွေထွေရွေးကောက်ပွဲအတွက် မဲပေးရမယ့် မဲဆန္ဒရှင်ပေါင်း ၈၅၀၀၀၀ခန့်ရှိတယ်လို့ ကော်မရှင်အဖွဲ့ခွဲထံကနေသိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly