အလုပ်သမား၊ လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးဝင်ပြိုင်မည်

အလုပ်သမား၊ လယ်သမားကိုယ်စားပြု တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦးဝင်ပြိုင်မည်

လာမည့် ၂၀၂၀ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အလုပ်သမား၊ လယ်သမား၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်းများကို ကိုယ်စားပြုသည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

အလုပ်သမား၊ လယ်သမား၊ သမဂ္ဂနှင့်အရပ်ဖက်အဖွဲ့ အစည်းများ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း များ မိတ်ဆက်ပွဲအခမ်း အနားကို ဇူလိုင်လ ၆ရက်နေ့က ရန်ကုန် လှိုင်သာယာရှိ sky hotel တွင်ပြုလုပ်ကျင်းပခဲ့စဉ် ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့်သူများက ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလောင်းများတွင် အလုပ်သမား ၊ လယ်သမား အရေးဆောင်ရွက်သူ ဒေါ်စုစုနွေး မှ ပြည်သူ့လွှတ်တော် နေရာအတွက် ကော့မှူးမြို့နယ်မှလည်းကောင်း ၊ အလုပ်သမား အရေးဆောင်ရွက်သူ ရှေ့နေဦးဌေး မှ ပြည်သူ့လွှတ်တော်နေရာအတွက် လှိုင်သာယာမြို့နယ် (အရှေ့) မှလည်းကောင်း ၊ဦးရဲကျော်သူ မှ ပြည်သူ့လွှတ်တော်နေရာအတွက် လှိုင်သာယာမြို့နယ်(အနောက်) ၊ ဦးအောင်ကျော်ထွန်းနိုင်ဦးမှ အမျိုးသား လွှတ်တော်နေရာအတွက် လှိုင်သာယာမြို့နယ် (အနောက်)မှ လည်းကောင်း ၊ ဦးအောင်ကျော်မြင့်မှ ပြည်သူ့လွှတ်တော်နေရာအတွက် ထန်းတပင် မြို့နယ်မှ လည်းကောင်း ၊ ဦးရဲဝင်းထွန်းမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) နေရာအတွက် လှိုင်သာယာမြို့နယ်(အနောက်) မှလည်းကောင်း ၊ဦးဝင်းဇော်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၂)နေရာအတွက် လှိုင်သာယာမြို့နယ် (အနောက်)မှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထို့ပြင် ဦးရဲသူရမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၂) နေရာအတွက် လှိုင်သာယာမြို့နယ်(အရှေ့)မှ လည်းကောင်း ၊ ဒေါ်သဉ္ဖာထက်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁) နေရာအတွက် လှိုင်သာ ယာမြို့နယ်(အရှေ့)မှလည်းကောင်း ၊ဦး မြတ်ကျော်ထွေး မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်နေရာ အတွက် ထန်းတပင်မြို့နယ်မှ လည်းကောင်း ၊ ဦးခြူးကို မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ထန်းတပင်မြို့နယ်မှ လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် သည်။ ဓာတ်ပုံ - သက်ကို / မဇ္ဈိမ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly