သောင်းကျန်းသူအဖွဲ့များကို တရုတ်က လက်နက်ထောက်ပံ့နေသည်ဟု တပ်ချုပ် စောင်းပါးရိပ်ခြည် ပြော

By Hidustan Times
03 July 2020
သောင်းကျန်းသူအဖွဲ့များကို တရုတ်က လက်နက်ထောက်ပံ့နေသည်ဟု တပ်ချုပ် စောင်းပါးရိပ်ခြည် ပြော

ဇူလိုင် ၃

အရှေ့တောင်အာရှတွင် တရုတ်၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ်သည့် မြန်မာနိုင်ငံက တရုတ်နိုင်ငံသည် သောင်းကျန်းသူအဖွဲ့များကို ခေတ်မီလက်နက်များ ထောက်ပံ့နေကြောင်း စောင်းပါးရိပ်ခြည်ပြောကာ ထို သူပုန်အဖွဲ့များအား နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ကြိုးစားလာခဲ့သည်။

မကြာသေးခင်က ရုရှနိုင်ငံပိုင် ရုပ်သံ Zvezda ဌာန၏ အင်တာဗျူးတွင် မြန်မာ့ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံအတွင်း လှုပ်ရှားနေကြသော အကြမ်းဖက်အဖွဲ့များသည် အားကောင်းသော အင်အားစု နောက်ခံရှိထားကြောင်း ပြောပြီး ယင်း သူပုန်အဖွဲ့များကို နှိမ်နင်းရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ကြိုးစားလာခြင်း ဖြစ်သည်။

အဆိုပါ ‘အားကောင်းသော အင်အားစု’ဆိုသည့် အသုံးအနှုန်းသည် မြန်မာနှင့် မြောက်ပိုင်း အိမ်နီးချင်း တရုတ်နိုင်ငံအား ရည်ညွှန်းသည်ဟု ထင်သာမြင်သာ ရှိနေသည်။

နောက်ပိုင်းတွင် စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်ချုပ်၏ မှတ်ချက်စကားကို ရှင်းလင်းပြောဆိုသည်။ တပ်မတော်ဦးစီးချုပ်သည် တရုတ်နယ်စပ်နား မြန်မာနိုင်ငံ အနောက်ပိုင်းတွင် လှုပ်ရှားနေသော AA နှင့် ARSA အဖွဲ့တို့ကို ရည်ညွှန်းပြောဆိုသည်ဟု ၎င်းက ဆိုသည်။

ထိုပြင် AA ၏ နောက်ကွယ်၌ ပြည်ပနိုင်ငံတစ်နိုင်ငံ ရှိနေသည်ဟု ၂၀၁၉ ခုနှစ်က စစ်တပ်အပေါ် မိုင်းခွဲတိုက်ခိုက်ရာ၌ အသုံးပြုခဲ့သော တရုတ်လုပ်လက်နက်များကို ကိုးကားပြီး ၎င်းက ပြောသည်။

ယခုကဲ့သို့ တရုတ်အပေါ် လက်ညိုးထိုးလာခြင်းသည် မြန်မာခေါင်းဆောင်ပိုင်းအတွက် ရှားရှားပါးပါးပင် ဖြစ်သော်လည်း ပထမဆုံးတော့ မဟုတ်ဘဲ တရုတ်နှင့် ပတ်သက်မှုများကို နေပြည်တော်၌ ပြောဆိုမှုများ ရှိသည်။

၂၀၁၉ နိုဝင်ဘာလက တအောင်းလက်နက်ကိုင်အဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၇၀၀၀၀  နှင့် ၉၀၀၀၀ ကြား တန်ဖိုးရှိ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ အပါအဝင် လက်နက်ခဲယမ်း အမြောက်အမြားကို စစ်တပ်က ဖမ်းဆီးရမိခဲ့သည်။ ယင်းလက်နက်များသည် တရုတ်နှင့် ဆက်နွယ်ပတ်သက်သည်ဟု စစ်တပ်က ပြောဆိုခဲ့သည်။ ဖမ်းဆီးရမိသည့် လက်နက်အများစုသည် တရုတ်နိုင်ငံလုပ် လက်နက်များဖြစ်သည်ဟု စစ်တပ်ပြောခွင့်ရသူ ဗိုလ်ချုပ် ထွန်းထွန်းညီက ကြေညာခဲ့သည်။

မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် အများစုမှာ တရုတ်လက်နက်များ သုံးကြပြီး တရုတ်နယ်စပ်တစ်လျှောက် လှုပ်ရှားနေကြခြင်းဖြစ်ရာ မြန်မာနိုင်ငံအား ထိန်းချုပ်ရန် ကြိုးစားအားထုတ်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်၏ အခန်းကဏ္ဍအပေါ် သံသယများ ရှိလာစေသည်။

မြန်မာနိုင်ငံက သူပုန်များသို့ လက်နက်ထောက်ပံ့နေခြင်း မရှိကြောင်း တရုတ်က ငြင်းဆန်ထားသော်လည်း ထိုသို့ ငြင်းဆန်မှုများသည် မြန်မာနိုင်ငံ၌ အယုံအကြည် မဲ့လျက်ရှိသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်အား ကြိုဆိုဧည့်ခံရချိန်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှုင်က ယင်း လက်နက်များအရေးကို စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်။ သမ္မတ ရှီကျင့်ဖျင်က ယင်း ကိစ္စကို တရုတ်နိုင်ငံအနေဖြင့် စေ့စေ့စပ်စပ် စစ်ဆေးသွားမည်ဖြစ်ပြီး ပြဿနာအား ဖြေရှင်းမည်ဟု ကတိခံကာ သူပုန်များအနေဖြင့် အခြားလမ်းကြောင်းမှလည်း တရုတ်လက်နက်များ ရရှိနေသည်ဟု ထော်ပြပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly