COVID-19 ကြောင့် မေလအတွင်းပြုလုပ်မည့် ပြိုင်ပွဲများအား ONE Championship ရွှေ့ဆိုင်း

COVID-19 ကြောင့် မေလအတွင်းပြုလုပ်မည့် ပြိုင်ပွဲများအား ONE Championship ရွှေ့ဆိုင်း

ဧပြီ ၂၈

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ကမ္ဘာကြီးအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ၊ မရေရာမသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အဆိုပါဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ နယ်နိမိတ်ကိုကျော်ကာ အခြားနိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ကူးစက်မြန်ကပ် ရောဂါအဖြစ်သတ်မှတ်ခဲ့ပါတယ်။

COVID-19 ဟာ ကမ္ဘာ့တိုက်ကြီးတွေအားလုံးက နိုင်ငံအားလုံးနီးပါးအထိ ကူးစက်ပျံ့နှံ့လျက်ရှိပြီး ၂၀၂၀ ဧပြီလ ၂၇ ရက်အထိ ကူးစက်ခံရသူ ၃ သန်းနီးပါးအထိရောက်ရှိကာ အဖိုးထိုက်တန်လှတဲ့ လူ့အသက်ပေါင်း ၂၀၇၀၂၂ ကို နုတ် ယူသွားခဲ့ပါတယ်။ မြောက်အမေရိက၊ ဥရောပ၊ အာရှ၊ အာဖရိက၊ သြစတြေးလျ၊ တောင်အမေရိက စတဲ့ တိုက်ကြီးတွေကို အကြီးအ ကျယ်ခြိမ်းခြောက်လျက်ရှိတဲ့ COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းတွေ ကမောက် ကမဖြစ်ခဲ့သလို အားကစားပြိုင်ပွဲတွေ ရွှေ့ဆိုင်းခဲ့ရ တာတွေလည်း အများကြီးပါပဲ။

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ဆိုရင်လည်း မတ်လကစလို့ ပြိုင်ပွဲကျင်းပမှုကို ရပ်နားထားပြီး ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေကိုစောင့်ကြည့်လျက်ရှိပါတယ်။

စင်ကာပူအခြေစိုက် ONE Championship ဟာ မူလ က မေလအတွင်း ပြိုင်ပွဲတွေပြန်လည်ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း COVID-19 ကူးစက်ပျံ့နှံ့က အာရှနိုင်ငံတွေကို ဆက်လက်အထိ နာနေဆဲပါပဲ။

ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် အာရှနိုင်ငံတွေဟာ နယ်စပ်ဂိတ်တွေကို ပိတ်ထားသလို မလိုအပ်ဘဲ အပြင်မထွက်ဖို့ အ မိန့်ထုတ်ပြန်ထားပါတယ်။ လူစုလူဝေးနဲ့ပြုလုပ်ရတဲ့ အားကစားပြိုင်ပွဲတွေ၊ လူမှုရေးအခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ၊ ဘာသာရေး အခမ်းအနားတွေကို ပိတ်ပင်ထားပြီး လိုက်နာမှုမရှိရင် အရေးယူမှုတွေ ပြုလုပ်လျက်ရှိပါတယ်။

အာရှတိုက်တစ်ခုလုံးအပြင် အမေရိက၊ ဥရောပနဲ့ အခြားတိုက်ကြီးတွေအထိ ထိုးဖောက်အောင်မြင်နေတဲ့ ONE Championship အနေနဲ့ မူလက မေလအတွင်း စင်ကာပူနိုင်ငံမှာ ပြိုင်ပွဲတွေပြန်လည်ကျင်းပဖို့ စီစဉ်ထားပေမယ့် COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် အထူးအားစိုက်နေရတဲ့ကာလဖြစ်လို့ မေလအတွင်းကျင်းပမယ့် ပြိုင်ပွဲအားလုံးကို ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ဧပြီလ ၂၇ ရက်အထိ စင်ကာပူနိုင်ငံမှာ ရောဂါ ပိုးကူးစက်ခံရသူ ၁၄၄၂၃ ဦးအထိရှိပြီး ၁၂ ဦးသေဆုံးခဲ့သလို တစ်ရက်တည်းမှာ ရောဂါပိုးတွေ့ရှိ သူ ၇၉၉ ဦးရှိခဲ့ပါတယ်။ ONE Championship ဥက္ကဌ Chatri Sityodtong က မေလအတွင်းပြုလုပ်မယ့်ပြိုင်ပွဲတွေကို ရွှေ့ဆိုင်းလိုက် ကြောင်း ၎င်းရဲ့လူမှုကွန်ရက်ကနေ ရေးသားထားပြီး လုံခြုံစိတ်ချရတဲ့ အခြေအနေရောက်ရင် ကျင်းပသွားမယ်လို့လည်း အသိပေးထားပါ တယ်။

“လတ်တလောအနေအထားအရ အာရှတိုက် နိုင်ငံအတော်များများမှာ COVID-19 ကူးစက်ပျံ့နှံ့မှုနှုန်းက မြင့်တက်နေတာကြောင့် ONE Championship က မေလအတွင်း ကျင်းပပြုလုပ်မယ့် ပြိုင်ပွဲတွေအားလုံးကို ရွှေ့ဆိုင်း လိုက်ပါတယ်။ အာရှနိုင်ငံတွေက ၎င်းတို့ရဲ့နယ်စပ် ဂိတ်တွေကို ပိတ်ထားသလို အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ထားပါတယ်။ လက်ရှိကာလက စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့အချိန် ဖြစ်ပေမယ့်လည်း အားကစားသ မားတွေ၊ တာဝန်ရှိသူတွေ၊ ဝန်ထမ်းတွေ၊ ပရိသတ်တွေ၊ အများပြည်သူတွေရဲ့ကျန်းမာရေးနဲ့ လုံခြုံစိတ် ချရမှုတွေက ကျွန်တော်တို့ အမြင့်ဆုံးအနေနဲ့ အဓိကဦးစားပေးဆောင်ရွက်ရမယ့် အရာအဖြစ် ဆက်လက်ရှိနေဆဲပါပဲ။

ကျွန်တော်နဲ့ ကျွန် တော့်အဖွဲ့က နာရီပေါင်းများစွာ အလုပ်လုပ်နေကြပြီး လုံခြုံစိတ်ချရတဲ့အခြေအနေရောက်ရင် ပြိုင်ပွဲတွေကို အမြန်ဆုံး ပြန်လည်ကျင်းပ သွားမှာပါ။ သတင်းကောင်းတွေကို ဆက်လက်စောင့်မျှော်ပေးကြပါဦး … ကျွန်တော်တို့အားလုံးက တစ်ခုတည်းပါပဲ” လို့ Chatri က ၎င်းရဲ့ လူမှုကွန်ရက်ကနေ အသိပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required