ONE Championship နဲ့ UFC ချန်ပီယံတွေကို ထိပ်တိုက်ယှဉ်ပြိုင်စေချင်နေတဲ့ Chatri Sityodtong

ONE Championship နဲ့ UFC ချန်ပီယံတွေကို ထိပ်တိုက်ယှဉ်ပြိုင်စေချင်နေတဲ့ Chatri Sityodtong

ဧပြီ ၂၃

ကမ္ဘာပေါ်မှာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း အများအပြားရှိပါတယ်။ ဒါပေမဲ့လည်း လူတိုင်းရဲ့မျက်စိထဲ အမှတ်ထင် ထင်ရှိနေတဲ့ အဖွဲ့အစည်းကြီးနှစ်ခုကတော့ အမေရိကန်အခြေစိုက် Ultimate Fighting Championship (UFC) နဲ့ စင်ကာပူအခြေစိုက် ONE Championship တို့ပဲ ဖြစ်ပါတယ်။ လာ့စ်ဗေးဂတ်စ်အခြေစိုက် UFC က ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်လို့ သက်တမ်း အားဖြင့် ၂၇ နှစ်ကာလရှိပါတယ်။ ONE Championship ကတော့ ၂၀၁၁ ခုနှစ်က စတင်တည်ထောင်ခဲ့တာဖြစ်တာကြောင့် ၉ နှစ်သက် တမ်းရှိနေပြီဖြစ်ပေမယ့်လည်း အာရှတိုက်က ပရိသတ်တွေကို ဆွဲဆောင်သိမ်းပိုက်ထားနိုင်ရုံမက အမေရိက၊ ဥရောပ၊ သြစတြေးလျအပါ အဝင် အခြားတိုက်ကြီးတွေက ပရိသတ်တွေကပါ စိတ်ဝင်တစားစောင့်ကြည့်ရတဲ့ ပြိုင်ပွဲတွေကို တင်ဆက်ပေးလျက်ရှိပါတယ်။

ONE Championship ဟာ ဆယ်စုနှစ်တစ်ခုနီးပါးရှိတဲ့ ကာလတစ်ခုကို ဖြတ်သန်းလာပြီးနောက် ပရိသတ်တွေအတွက် စွဲမက်စရာ ကောင်းတဲ့၊ အကြိတ်အနယ်ရှိတဲ့ ပွဲကြီးပွဲကောင်းတွေကို စဉ်ဆက်မပြတ်တင်ဆက်ကာ အာရှတိုက်ရဲ့အကြီးမားဆုံးသော အားကစားမီဒီ ယာအဖွဲ့အစည်းကြီးအဖြစ် ရပ်တည်လာနိုင်ပြီဖြစ်ပါတယ်။ ONE Championship ကို တည်ထောင်ခဲ့သူတွေကတော့ ဟားဗတ်တက္က သိုလ်ကနေ MBA ဘွဲ့ရရှိကာ အမေရိကန်ပြည်ထောင်စုက နာမည်ကျော်ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့တဲ့ ထိုင်းနိုင်ငံသား Chatri Sityodtong နဲ့ ESPN Star Sports အကြီးတန်း အမှုဆောင်အရာရှိဟောင်း Victor Cui တို့ပါပဲ။ Chatri ဟာ Wall Street မှာ ဆယ်စု နှစ်တစ်ခုကျော် အလုပ်လုပ်ခဲ့သူဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းအကြောင်း ကျွမ်းကျင်နှံ့စပ်သူဖြစ်သလို ကိုယ်တိုင်ကလည်း မွေထိုင်း အားကစားသမားတစ်ယောက်အဖြစ် ရပ်တည်ခဲ့ဖူးတာကြောင့် ကိုယ်ခံပညာရပ်အကြောင်း ထဲထဲဝင်ဝင် သိရှိသူလည်းဖြစ်ပါတယ်။

ဒါ့အပြင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားကိုပါ နှစ်သက်သူဖြစ်တာကြောင့် ဝါသနာတူရာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပူးပေါင်း ကာ ONE Championship ကို ထူထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင်တော့ စင်ကာပူအခြေစိုက် အဆိုပါအဖွဲ့အစည်းကြီးရဲ့တန် ဖိုးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ အဖိုးထိုက်တန်နေပြီ ဖြစ်ပါတယ်။ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Chatri ဟာ ၎င်း တည်ထောင်ထားတဲ့ ONE Championship က ချန်ပီယံအချို့နဲ့ UFC က ချန်ပီယံတွေကို ထိပ်တိုက်တွေ့ဆုံစေချင်တဲ့ဆန္ဒရှိနေပြီး ကမ္ဘာ့ အကြီးကျယ်ဆုံးပြိုင်ပွဲတွေဖန်တီးဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။ တကယ်လို့သာ ထိပ်တန်းအဖွဲ့အစည်း ကြီးနှစ်ခုရဲ့ချန်ပီယံတွေ ယှဉ်ပြိုင်ထိုးသတ်ကြမယ်ဆိုရင် ကမ္ဘာ့အကြီးကျယ်ဆုံးသော ချန်ပီယံတွေရဲ့ပြိုင်ပွဲလို့ သတ်မှတ်ခံရမှာ သေချာပါတယ်။

ဒါ့အပြင် ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားဝါသနာရှင်ပရိသတ်တွေအတွက်လည်း ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးသော ပြိုင်ပွဲတွေကို မျက် မြင်ခံစားရမှာဖြစ်ပါတယ်။ Chatri က ၎င်းရဲ့facebook ကနေ ပရိသတ်တွေနဲ့အမေး အဖြေးပြုလုပ်ရာမှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းကြီးနှစ်ခုက ချန်ပီယံအချင်းချင်း ထိပ်တိုက်ယှဉ်ပြိုင်တဲ့တွဲဆိုင်းတွေ တင်ဆက်ချင်တယ်လို့ ပြန် လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ တရုတ်အားကစားသမား Xiong Jing Nan နဲ့ UFC စတောဝိတ်တန်းချန်ပီယံ တရုတ်အားကစားသမား Weili Zhang တို့ပွဲကို တင်ဆက်ပေးချင်တယ်လို့ ပြောပါတယ်။ တရုတ်တစ်နိုင်ငံ တည်းသားနှစ်ယောက်ရဲ့တွဲဆိုင်းသာ အမှန်တကယ်ဖြစ်မြောက်လာခဲ့ရင် ကမ္ဘာ့အကြီးကျယ်ဆုံး စတောဝိတ်တန်းပွဲစဉ်ဖြစ်လာမယ်လို့ Chatri က ဆိုပါတယ်။

“အမျိုးသမီး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမားတွေအတွက်ဆိုရင် Xiong Jing Nan နဲ့ Zhang Weili တို့ကို ထိပ်တိုက်တွေ့ ပေးချင်တယ်။ အဲဒီပွဲသာဖြစ်လာရင် Xiong Jing Nan က အနိုင်ယူလိမ့်မယ်လို့ ကျွန်တော်ထင်တယ်” လို့ Chatri က သုံးသပ်ပါတယ်။ ဒါ့အပြင် ၎င်းက ONE အက်တမ်ဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံ Stamp Fairtex နဲ့ Zhang Weili တို့ကို တွေ့ပေးချင်တယ်လို့လည်း ဆိုပါတယ်။

င်းအားကစားသမား Stamp Fairtex ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ ၄ ပွဲထိုးသတ်ထားပြီး ၄ ပွဲစလုံးအနိုင်ရထားတာ ကြောင့် UFC ချန်ပီယံကို အကောင်းဆုံးထိုးသတ်နိုင်မယ်လို့ ပြောပါတယ်။

“Stamp Fairtex က Zhang Weili ကို အနိုင်ရမယ်လို့ ကျွန်တော်ထင်တယ်။ Stamp Fairtex က ကမ္ဘာပေါ်က ဘယ်အမျိုးသမီးဖိုက် တာကိုမဆို ဘယ်ကိုယ်ခံပညာသိုင်းပေါင်းစုံ အမျိုးသမီးအားကစားသမားကိုမဆို ယှဉ်နိုင်စွမ်းရှိပါတယ်။ သူက ကိုယ်ခံပညာသိုင်းပေါင်းစုံ ၄ ပွဲသာ ယှဉ်ပြိုင်ထားပေမယ့်လည်း ရက်စက်ကြမ်းကြတ်မှုအပြည့်ရှိတဲ့သူတစ်ယောက်ပါ” လို့ ၎င်းက ထင်ကြေးပေးပါတယ်။ ဆက် လက်ပြီး ၎င်းက ONE အမျိုးသမီး အက်တမ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ Angela Lee အနေနဲ့လည်း ကမ္ဘာပေါ်က သူနဲ့ဝိတ်တန်းတူ ဘယ်သူ့ ကိုမဆို ယှဉ်ပြိုင်ထိုးသတ်နိုင်စွမ်းရှိတယ်လို့ Chatri က ပြောပါတယ်။

“ကျွန်တော်ကတော့ ကမ္ဘာ့အရှေ့ခြမ်းက အကောင်းဆုံးအားကစားသမားတွေနဲ့ ကမ္ဘာ့အနောက်ခြမ်းက အကောင်းဆုံးအားကစားသမား တွေရဲ့ပွဲကို မြင်ချင်တယ်။ UFC နဲ့ ONE Championship က ချန်ပီယံတွေသာ ယှဉ်ပြိုင်ကြမယ်ဆိုရင် တကယ့်ကို ထူးကဲတဲ့ပွဲတွေဖြစ် လာမယ်လို့ ကျွန်တော်ထင်တယ်။ တစ်ကမ္ဘာလုံးကလည်း အဲဒီပွဲတွေကို ကြည့်ချင်ကြမှာပဲ။ ကမ္ဘာ့ချန်ပီယံအချင်းချင်း ယှဉ်ပြိုင်ထိုးသတ် ကြတဲ့ပွဲတွေကို ကျွန်တော်ချစ် တယ်။ အဲဒီလိုဖြစ်လာဖို့လည်း ကျွန်တော့်ဘက်က တံခါးဖွင့်ထားပါတယ်” လို့ ONE Championship တည် ထောင်သူလည်းဖြစ်၊ အမှုဆောင်အရာရှိချုပ်လည်းဖြစ်တဲ့ Chatri က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly