ဗြိတိန်သံအမတ်ကြီးကို အီရန်ယာယီ ဖမ်းဆီး၊ သံရုံးရှေ့ အလံကို မီးရှို့ဆန္ဒပြမှုများ ဖြစ်ပွား

ဗြိတိန်သံအမတ်ကြီးကို အီရန်ယာယီ ဖမ်းဆီး၊ သံရုံးရှေ့ အလံကို မီးရှို့ဆန္ဒပြမှုများ ဖြစ်ပွား

ဇန်နဝါရီလ ၁၃ ရက်  ။                 ။အီရန်နိုင်ငံတွင် ဗြိတိန်သံအမတ်ကြီးအား တရားမဝင် ဆန္ဒပြမှုတစ်ရပ်သို့ တက်ရောက်သည်ဆိုကာ ဖမ်းဆီးမှု ပြုလုပ်ခဲ့ပြီးနောက် အီရန်ဆန္ဒပြသူများက သံရုံးရှေ့တွင် ဗြိတိန်အလံအား မီးရှို့ကာ ကန့်ကွက်ဆန္ဒပြမှု ဇန်နဝါရီ ၁၂ ရက်၌ ဖြစ်ပွားခဲ့သည်။

ပစ်ချခံ ယူကရိန်းလေယာဉ်မှ သေဆုံးသူများအား အောင်းမေ့သတိရပွဲတွင် ဗြိတိန်သံအမတ်ကြီး ရော့ဘ်မတ်ကာရီအား ယာယီဖမ်းဆီးပြီးနောက်တွင် ဗြိတိန်သံရုံးပြင်ပ၌ ဆန္ဒပြသူပေါင်း ၂၀၀ ကျော်ထက်မနည်းက ‘ဗြိတိန် သေဆုံးကြ’ဆိုကာ ကြွေးကြော်အော်ဟစ်ကြသည်။

အမ်မာကာဘာနည်းပညာတက္ကသိုလ် ပြင်ပ၌ စီစဉ်နေသော သင်္ကာမကင်းဖွယ် လှုပ်ရှားမှုများတွင် သံသယဖြစ်ဖွယ် ပါဝင်မှုအတွက် မတ်ကာရီကို တစ်နာရီနီးပါး ထိန်းသိမ်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခု သီတင်းပတ်အစောပိုင်းက ယူကရိန်းခရီးသည်တင်လေယာဉ် တီဟီရန်၌ ပျက်ကျခြင်းသည် ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်မိ၍ ပျက်ကျခြင်းဖြစ်ကြောင်း အီရန်အစိုးရက ဝန်ခံလိုက်ပြီးနောက် အစိုးရအပေါ် ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်နေချိန် ယခုကဲ့သို့ ဗြိတိန်သံအမတ်ကြီး ယာယီဖမ်းဆီးခံရခြင်းပဲ ဖြစ်သသည်။

သံအမတ်ကြီး မတ်ကာရီက ၎င်းအပေါ် စွပ်စွဲချက်ကို ငြင်းဆန်ပြီး ၎င်းအနေဖြင့် ဗြိတိန်နှစ်ဦးပါ ပါဝင်သည့် လေယာဉ်ပျက်ကျရာမှာ သေဆုံးသူများ အောင်းမေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ခြင်းသာ ဖြစ်ကြောင်း ပြောခဲ့သည်။

ထိုသို့ သံအမတ်ကြီး မတ်ကာရီအား ဖမ်းဆီးခြင်းအတွက် အီရန်နိုင်ငံသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းပဲ ဖြစ်သည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချသည်။ သံတမန်တစ်ဦးအနေဖြင့် မတ်ကာရီသည် ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းများမှ ကင်းလွတ်ခွင့်ရရသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly