ဘောလုံးအင်္ကျီ ဝတ်ဆင်ကာ ခရိုအေးရှား အစိုးရအဖွဲ့ အစည်းအဝေး ထိုင်

ဘောလုံးအင်္ကျီ ဝတ်ဆင်ကာ ခရိုအေးရှား အစိုးရအဖွဲ့ အစည်းအဝေး ထိုင်

ဇာဂရက်၊ ဇူလိုင် ၁၃ ။               ။ ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံရဲ့ ဘောလုံးအသင်းကို ဂုဏ်ပြုပြီး ခရိုအေးရှား ဝန်ကြီးချုပ် အန်ဒရက်ပလန်ကိုဗစ်နဲ့ သူ့ဝန်ကြီးအဖွဲ့ဟာ ဇူလိုင် ၁၂ ရက်က အစိုးရအဖွဲ့ အစည်းအဝေးကို အနီနဲ့ အဖြူကွက် နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း အင်္ကျီတွေ ဝတ်ပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဆီမီးဖိုင်နယ်ကို တက်ရောက်အားပေးပြီး မော်စကိုကနေ ပြန်ရောက်လာတာဖြစ်တဲ့ ဝန်ကြီးချုပ်ဟာ ခရိုအေးရှားရဲ့ အားကစားနဲ့ ဘောလုံးအတွက် စွဲမက်ဖွယ်ရာ အောင်မြင်မှုနဲ့ ပတ်သက်လို့ လက်ရွေးစင်ဘောလုံးသမားတွေကို ဂုဏ်ပြုလိုက်ပါတယ်။

ဆီမီးဖိုင်နယ် အောင်ပွဲဟာ ခရိုအေးရှားကို အကြီးမားဆုံး မြှင့်တင်ပေးလိုက်တာပါလို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ခရိုအေးရှားအသင်းဟာ ဇူလိုင် ၁၁ ရက်က ရုရှနိုင်ငံ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အင်္ဂလန်အသင်းကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါပြီး ပြင်သစ်နဲ့ တွေ့ရမယ့် ဇူလိုင် ၁၅ ရက် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly