သင်္ကြန်​တွင်​ ​ရေကစားထွက်​သူနှစ်​ဦးအား ရိုက်​နှက်​ခဲ့​သော တပ်​မ​တော်​သား ၂ ဦးနှင်​့ မိသားစုဝင်​များ အမှုဖွင်​့ခံရ

သင်္ကြန်​တွင်​ ​ရေကစားထွက်​သူနှစ်​ဦးအား ရိုက်​နှက်​ခဲ့​သော တပ်​မ​တော်​သား ၂ ဦးနှင်​့ မိသားစုဝင်​များ အမှုဖွင်​့ခံရ

စစ်​​တွေ၊ ဧပြီ ၁၉ ။         ။ သင်္ကြန်ကာလ ရေကစားထွက်စဉ် ခိုက်ရန်ဖြစ်ပွားကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သည့် တပ်မတော်သား ၂ ဦးနှင့် မိသားစုဝင်များအား မြောက်ဦးမြို့မ ရဲစခန်းမှ ပုဒ်မ ၄ ခုဖြင့် ဧပြီလ ၁၈ ရက်နေ့က အမှုဖွင့်လှစ်ကာ စစ်ဆေးနေ​ကြောင်​း မြောက်ဦး မြို့မရဲစခန်းမှ ဒုရဲမှူး သန်းဖေက ပြောသည်။

အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုမှာ ဧပြီလ ၁၄ ရက်က မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကူးတို့ဆိပ် ကျေးရွာမှ လူငယ်များနှင့် ရိုက်နှက်ရာတွင် ပါဝင်သူ တပ်မတော်သား နှစ်ဦးမှာ နန်းကျကျေးရွာ ရေကစားမဏ္ဍပ်၌ စကားများခဲ့သည်ကို မကျေနပ်သည့်အတွက် ဧပြီလ ၁၅ ရက်နေ့၌ ပေါင်းတုတ်ကူးဆိပ် လူငယ်များအဖွဲ့မှ မြောက်ဦးမြို့မှ ရေကစားပြီး အပြန်တွင် မြောက်ဦးအခြေစိုက် ခမရ ၅၄၀ တပ်ရင်း အကျော်တွင် ရေပတ်ခံကားအား တားဆီးပြီး ရိုက်နှက်ခဲ့ကြသည်​ဟု ဆိုသည်​။

“ရိုက်တာက တပ်သားအဆင့် တစ်ယောက်ရယ်၊ တပ်ကြပ်ကြီး တစ်ယောက်ရယ်၊ ကျန်တာကတော့ တပ်ဖွဲ့ဝင်တွေရဲ့သားသမီးတွေက ၄ ယောက်ပေါ့၊ အဲဒီအဖွဲ့က သူတို့ ကားမှာပါတဲ့အဖွဲ့တွေကို ရိုက်နှက်မှုဖြစ်တာပေါ့၊ ဒဏ်ရာရကတော့ ၃ ယောက်ရတယ်၊ တစ်ယောက်ကတော့ ဆေးရုံက ဆင်းသွားပါပြီ”ဟု မြောက်ဦး မြို့မရဲစခန်းမှ ဒုရဲမှူး သန်းဖေက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရိုက်နှက်ခံရသူများဖက်မှ တရားပြုတိုင်ကြားလာသည့်အတွက် ဥပဒေအရ အမှု ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြောက်ဦးမြို့နယ်ရဲစခန်းမှ ပ/၄၉/၂၀၁၇ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မှ ၂၄၉ ၊ ၃၂၅၊ ၅၀၆၊၃၄၁ စသည့်ပုဒ်မ ၄ ခုဖြင့်အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပြီး တပ်မတော်သား ၂ ဦးအား စစ်ဖက်ဆိုင်ရာနှင့် အရေးယူနိုင်ရန်အတွက် တပ်ဖက်ကို လွှဲပြောင်းပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly