မွန်ပြည်နယ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်ထဲမှာ ရဲစခန်းခြောက်ခုရှိပြီး မြို့မ ရဲစခန်းကလွဲရင် ကျန်တဲ့စခန်းငါးခုမှာ အခုချိန်အထိ ရဲတပ်သားတွေခြေမချရဲဘဲ ပိတ်ထားရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရေးမြို့နယ်ထဲမှာ ရေးမြို့မရဲစခန်း၊ လမိုင်းမြို့နယ်ရဲစခန်း၊ ခေါဇာ၊ ဇီးဖြူသောင်၊ ကျောင်းရွာနဲ့ နှစ်ကရင် ကျေးရွာက နယ်မြေရဲစခန်းတွေ ရှိပါတယ်။
ရေးမြို့ပေါ်မဟုတ်တဲ့နေရာတွေက ရဲစခန်းငါးခုကိုပိတ်ထားရတဲ့အပြင် ဌာနဆိုင်ရာရုံးအများစုလည်း ပိတ် ထားရပြီး ဝန်ထမ်းတွေဟာ အရပ်ဝတ်နဲ့ နေအိမ်မှာစုကာ စာရင်းဇယားတွေလုပ်ကြတာမျိုးရှိတယ်လို့ သိရ ပါတယ်။
ရေးမြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမှာရှိတဲ့ ရဲစခန်းတွေကို စစ်ကောင်စီက လက်လွှတ်ထားရသလို ရေးမြို့အနီးမှာရှိတဲ့ တပ်စခန်းတွေ ခဏခဏတိုက်ခိုက်ခံနေရပြီး ရေးမြို့ပေါ်ရပ်ကွက်ပေါ်က စစ်ကောင်စီ ထောက်တိုင်တွေလည်း မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် ရေးမြို့နယ်ကို စစ်ကောင်စီက အပြည့် အဝထိန်းချုပ်နိုင်တာ မရှိသေးဘူးလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။