လင်မယားရန်ဖြစ်ရာမှ ဇနီးက အီနာဂါဗုံးသီးဖြင့်ပစ်၍ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် သေဆုံး

By လွှမ်းမိုး (မဇ္ဈိမ)
28 May 2023
လင်မယားရန်ဖြစ်ရာမှ ဇနီးက အီနာဂါဗုံးသီးဖြင့်ပစ်၍ ခင်ပွန်းဖြစ်သူ ပြည်သူ့စစ်တပ်ဖွဲ့ဝင် သေဆုံး

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်းခွဲအနီး အောင်ဇေယျတပ်ကုန်း (အရပ်ခေါ် အကျိုးအကန်းကုန်း)တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကိုထွေး မေလ ၂၈ ရက်နေ့ နံနက် ၈ နာရီခန့်က နေအိမ် အတွင်း လက်ပစ်ဗုံးဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

သေဆုံးသူကိုထွေးမှာ စစ်မှုထမ်းဟောင်း ဗိုလ်မှူးကြီးသိန်းဇော်ဝင်း၏သားဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့ဝင်တဦး ဖြစ်ကြောင်း သိရသည်။

“လင်မယားအချင်းချင်း ရန်ဖြစ်ကြရာက ယောက်ျားဖြစ်သူက သေနတ်နဲ့ချိန်တဲ့အတွက် မိန်းမဖြစ်သူက အီနာဂါလက်ပစ်ဗုံးနဲ့ ပြန်ပစ်တာ” ဟု သတင်းရင်းမြစ်က ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူ ပြည့်သူ့စစ်အဖွဲ့ဝင် ကိုထွေးမှာ နေရာတွင်ပင်သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် ဝမ်ပေါင်ကုမ္ပဏီက ကြေးနီသယ်ဆောင်ရန်ပြင်ဆင်နေသည့် အတွက် အောင်ဇေယျကုန်းပေါ်တွင် လုံခြုံရေးအင်အားတိုးမြှင့်ထားပြီး ခရီးသွားပြည်သူများကို စစ်ဆေး နေကြောင်း သိရသည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#အီနာဂါဗုံးသီး

#ပြည်သူ့စစ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly