နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၇ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ဆိုင်ကလုန်းမုန်တိုင်း Mocha ဒဏ်ခံစားခဲ့ရသည့် မြန်မာနိုင်ငံအတွက် အမေရိကန်နိုင်ငံက လူသားချင်းစာနာ ထောက်မှုအဖြစ် အမေရိကန်ဒေါ်လာ ‌၁၇ သန်းနီးပါးထောက်ပံ့မည့်အပေါ် ကျေးဇူးတင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်သည်။ 

  • ဆိုင်ကလုန်းမုန်တိုင်း "မိုခါ" (MOCHA)ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးကြသည့် အိမ်ထောင်စုများကို အမိုးအကာနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

  • ၂၀၂၃ ခုနှစ် မတ်လအတွင်းမှာ တိုက်ပွဲပေါင်း ၄၃၇ ကြိမ်ဖြစ်ပွားပြီး ရန်သူ့ဘက်က ၆၁၂ ဦးသေဆုံးကာ ၇၀၀ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အမှတ် ၁ စစ်ဒေသ၏ လစဉ်တိုက်ပွဲနှင့် ထိခိုက်သေဆုံး အချက်အလက်အနှစ်ချုပ်တွင် ဖော်ပြထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ အခြေစိုက် ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ ထုတ်လုပ်ထားသည့် 9mm အော်တိုသေနတ်များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များဆီသို့ ပေးအပ်ကူညီခဲ့သည်ဟု မေလ ၂၄ရက်စွဲဖြင့် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

  • မြန်မာအာဏာသိမ်း စစ်တပ်ကို အမြန်ဆုံး အရေးယူပေးရန် နယ်သာလန်ရောက် မြန်မာနိုင်ငံသားများက နယ်သာလန်ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး( ICJ) ရုံး ရှေ့တွင် မေလ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။ 

  • ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၆ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • Myanmar Pressphoto Agency မှ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းအား ယနေ့ မေလ ၂၆ ရက်တွင် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀နှစ် ထပ်မံချမှတ်လိုက်ကြောင်း မိသားစုဝင်မှတစ်ဆင့် သိရသည်။ 

  • ရှမ်းပြည်နယ် တောင်ပိုင်း မိုးဗြဲမြို့တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိမှန် ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင်ဖော်ပြထားသည်။ 

  • မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဒီမိုကရေစီအစိုးရအား ဖြုတ်ချ၍ အာဏာသိမ်း ပြီး နောက် စစ်အုပ်စုနှင့် အပေါင်းအပါတို့က ကျူးလွန်ခဲ့သော လူဦး ၅ ဦးထက်မ နည်း တပြိုင်နက်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ် စဉ် ပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လမ်းသစ် သုတေသနအ ဖွဲ့မှ မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။ 

  • တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့​ကြောင်း သိရသည်။ 

  • ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင် စာသင်ကျောင်း ၂ ကျောင်းကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က မေလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် Solar power station များ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ယင်းမာပင် မြောက်ခြမ်း သပိတ်အင်အားစုက မေလ ၂၇ ရက်နေ့ နံနက်ပိုင်း ချီတက် သပိတ်မှောက်ကြကြောင်း သိရှိရသည်။ 

  • မေလ ၂၆ ရက်နေ့ ည ၆ နာရီကျော်ခန့အေချိန် တံခွန်တိုင်ရွာ အုပ်ချုပ်ရေးမှူး စိုးမိကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ အမှတ် ၂၇၄ အထိုင်တပ်စခန်း၊ ရဲစခန်းနှင့် ကန်ပက်လက် လမ်းခွဲ ရှိ စစ်ဆေးရေးဂိတ်တို့ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း ရေစကြိုမြိုန့ယ်၊ မြေတော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ မေ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် လက်ရှိတွင် မြေစွန်းရွာသို့ ရောက်ရှိနေကြာင်း ဒေသခံပြည်သူများက ပြောသည်။ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စစ်ကောင်စီ၏ လက်အောက်ခံ စစ်တပ်ဖြစ်သော အမှတ် ၅၈၃ ခြေမြန်တပ်ရင်း ကို ၁၀၇ မမ ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံး သီးများ ဖြင့် တော်လှန်ရေး ညီနောင် မဟာမိတ်တပ်ဖွဲ့များက ပစ်ခတ်တိုက် ခိုက်ခဲ့ ကြောင်း Ye Special Tasks Forces - YSTF မှ တာဝန်ရှိသူကပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • KNU တပ်မဟာ (၆)နယ်မြေထဲကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ဦးနှင့် အိမ်မွေး တိရိစ္ဆာန်တွေ ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း KNU ဗဟိုက  ထုတ်ပြန်လိုက်သည်။ 

  • ဖားကန့်တွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၏ အုပ်ချုပ်ရေးအရာရှိတစ်ဦးနှင့် မိသားစုဝင်များကို ကျောက် စိမ်းအရိုင်းတုံးအမြောက်အများနှင့်အတူ စစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်း ဒေသခံများကပြောသည်။ 

  • ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA)၏ တပ်သား ၁ ယောက်ကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်သတ်ပြီး ၃ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသအခြေစိုက်သတင်းမီဒီယာ တွင်ဖော်ပြထားသည်။ 

  • သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသရှိ ဝမ်မိုင်ကျေးရွာမှ မူးယစ်ဆေးသုံးစွဲသော အသက်မပြည့်သေးသည့် လူငယ် ၃ ဦး အပါအဝင် အမျိုးသား ၁ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့ (PNO) မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေညစ်တောင်းယူနေကြောင်း စုံစမ်းသိရသည်။ 

စစ်ကောင်စီ 

  • ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းအားလုံး၏ (၇၅)ရာခိုင်နှုန်းကို ဇွန်လ(၁)ရက်၌အချိန်မီဖွင့်လှစ်သွား မည်ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိကျန်သည့်ကျောင်းအားလုံးကို ဇွန်လတတိယပတ်၌ ရာနှုန်းပြည့်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်သည်။ 

  • တရားမဝင်ကုန်သွယ်မှုကို ဆက်လက်ကျူးလွန်ပါက အကောက်ခွန် ဥပဒေအပြင် ဆက်စပ်ဥပဒေများဖြင့် ပါ ပြင်းပြင်းထန်ထန်အရေးယူသွားရန် မေလ ၂၆ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသော တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း အကြမ်းဖက်ဒုခေါင်းဆောင်စိုးဝင်းကပြောသည်။ 

  • စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ဒေသအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင် ရွက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများအား တားဆီးထိန်းသိမ်း ပေးရေးစသည့် အချက်များကို တိုးမြင့်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။  

  • ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံဘွဲ့ရပညာရှင်များကိုပါ မွေးထုတ်နိုင်ရေး နှင့် ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်သွား နိုင်ရေးကို ဆက်လက်လုပ်ဆောင်သွားကြရန် ပညာရှင်များကို မတရားဖမ်းဆီးသတ်ဖြတ်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။ 

  • မြနန်း စံကျော် ရွှေနန်းတော်ကြီး အတွင်းရှိ အဆောင်များအလိုက် အခန်းများအတွင်း ရှေးခေတ်အသုံး အဆောင်များနှင့် ပုံစံတူများ ထားရှိနိုင်ရေးအတွက် မှတ်တမ်းများ ပြန်လည်ကြည့်ရှုဆောင်ရွက်သွားကြရန် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ယဉ်ကျေးမှုဝန်ကြီးဌာနကို မှာကြားနေပြန်သည်။ 

  • နိုင်ငံအနှံ့ဆေးရုံးဆေးပေးခန်းများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲနေသည့် အကြမ်းဖက်စစ်ကောင်စီမှ စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးခန်းများကို လိုက်လံစစ်ဆေးနေပြန်သည်။ 

  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးကို မေလ ၂၅ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ရဲဝန်ထမ်းများ လာရောက်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။ 

မေ ၂၇ ရက် သုံးသပ်ချက် 

  • စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များအပါအဝင် ပျူစောထီးများ အစွန်းရောက် အမျိုးသားရေးသမားများ သည် NLD ပါတီနှင့်ပတ်သက်သည့် အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံ ဖျက်ဆီး နေခြင်းသည် နိုင်ငံမနာလိုဝန်တိုမှုဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်နေခြင်းဖြစ်သည်။ 

  • မင်းအောင်လှိုင်၏ အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်း၊မကွေးဒေသများတွင် ရွာများကိုမီးရှို့ သည့်အပြင် မပြေးနိုင်သော သက်ကြီးရွယ်များကိုပါမရှောင်တော့ဘဲ သတ်ဖြတ်သည့် ပုံစံများကျင့်သုံးလာသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly