ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီဟု သတင်းမှားပျံ့

By JC (မဇ္ဈိမ)
27 May 2023
ထိုင်းနိုင်ငံတွင် အာဏာသိမ်းပြီဟု သတင်းမှားပျံ့

ထိုင်းဝန်ကြီးချုပ်သစ်ကို ထိုင်းစစ်တပ်မှဖမ်းဆီးကာ အာဏာသိမ်းခြင်းဖြစ်ပွားနေပြီဟူသော သတင်းအမှား လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

“ထိုင်းဝန်ကြီးချုပ်သစ် ထိုင်းစစ်တပ်ဖမ်းဆီးပြီး အာဏာသိမ်းပြီ” ဟူသော ခေါင်းစဉ်ဖြင့် “HD Videos” အမည်ရှိ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဗီဒီယိုဖိုင်တစ်ခုကို မေလ ၂၄ ရက်နေ့က ဖြန့်ဝေထားသည်။ အဆိုပါ ဗီဒီယိုဖိုင်အား ကြည့်ရှုသူ ၉၃၀,၀၀၀ နှင့်အထက်ရှိပြီး ကြိုက်နှစ်သက်ကြောင်းပြုလုပ်သူ ၃၁,၀၀၀ ကျော် ရှိရာ ပြန်လည်ဖြန့်ဝေမှု ၁,၆၀၀၀ ရှိသည်။

ထိုဗီဒီယိုဖိုင်အား မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ရာတွင် ခေါင်းစဉ်ဖော်ပြမှုနှင့် ဗီဒီယိုဖိုင်၌ အမှန် တကယ်ပြောဆိုသည့်အကြောင်းအရာမှာ လွဲမှားနေကြောင်း တွေ့ရသည်။

ဗီဒီယိုဖိုင်သည် ကြာချိန် ၁၃ မိနစ်ကျော်ရှိပြီး တစ်မိနစ်ကျော်ခန့်တွင် ထိုင်းဝန်ကြီးချုပ် ပရာယွပ် က ၂၀၂၃ ထိုင်းနိုင်ငံ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြောဆိုထားသည်ကို တွေ့ရသည်။ အဆိုပါ အကြောင်းအရာကို Ayeyarwaddy Times သတင်းဌာနမှ မေလ ၂၄ ရက်နေ့တွင် ဖော်ပြထားပြီး “အစိုးရသစ်ကို အာဏာလွှဲ ပြောင်းပေးမယ်လို့ ထိုင်းဝန်ကြီးချုပ်ပရာယွပ်ချန်အိုချာ ကတိပြု” ဟူသောသတင်းကို ပြန်လည်တင်ဆက် ထားခြင်း ဖြစ်သည်။

လင့် - https://shorturl.at/eSTX0

ထိုင်း သတင်းမီဒီယာတခုဖြစ်သော Bangkok Post သတင်းဌာနက မေလ ၂၇ ရက်နေ့၌ ထိုင်းနိုင်ငံရွေး ကောက်ပွဲတွင်အနိုင်ရခဲ့သည့် Move Forward Party ဦးဆောင်သူပီတ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် တောင်းဆိုဟူသောသတင်းကို နောက်ဆုံးဖော်ပြထားသည်။ သတင်းမှားတွင် ဖော်ပြထားသကဲ့သို့ ထိုင်း ဝန်ကြီးချုပ်အသစ်ဖြစ်လာမည့် မစ္စတာပီတလင်ဂျာရွန်ရက်ကို ထိုင်းစစ်တပ်မှဖမ်းဆီးခဲ့ပြီး ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားကြောင်းကိုမူ ထိုင်းနိုင်ငံရှိ မည်သည့်သတင်းဌာနတွင်မှ ဖော်ပြထားခြင်း မရှိပေ။

လင့် - https://shorturl.at/mwzKM

ထိုင်းနိုင်ငံအတွင်း၌လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး အာဏာသိမ်းသည့် အရိပ်အယောင် မတွေ့ကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ “အာဏာသိမ်းဖို့ကြံလို့ ဖမ်းဆီးလိုက်ပြီ” ဟူသောခေါင်းစဉ်ဖြင့် HD Videos မှ မေလ ၂၆ ရက် နေ့တွင် အကြောင်းအရာနှင့်ခေါင်းစဉ်လွဲမှားနေသည့် ထိုင်းဝန်ကြီးချုပ်ပရာယွပ်နှင့် MFP ပါတီခေါင်း ဆောင် ပီတလင်ဂျာရွန်ရက်တို့၏ ရုပ်ပုံများဖြင့် ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ဝေထားသည်။

ထိုဗီဒီယိုဖိုင်ကိုလည်း ၂၄ နာရီအတွင်း ကြည့်ရှုသူ ၁၅၅,၀၀၀၊ ကြိုက်နှစ်သက်ကြောင်း ပြုလုပ်သူ ၄,၀၀၀ ကျော်နှင့် ပြန်လည်မျှဝေမှု ၂၂၉ ခုရှိနေပြီဖြစ်သည်။ ထိုဗီဒီယိုဖိုင်ထဲတွင်မူ နိုင်ငံရေးဆိုင်ရာသုံးသပ်ချက် များရေးသားလေ့ရှိသည့် ဦးလှစိုးဝေ၏ ထိုင်းနိုင်ငံနှင့်ပတ်သက်၍ရေးသားထားသည့် “ပရာရွတ် အတွက်ပါ ယတြာ ချေပေးရဖို့ ဖြစ်လာနေ" ဟူသော သုံးသပ်ချက်ကို ပြန်လည်တင်ဆက်ထားခြင်း ဖြစ်သည်။

မူရင်းစာလင့် - https://shorturl.at/cdoq0

ဗီဒီယိုလင့် https://fb.watch/kNezOaH7YT/

သတင်းမှားဖြန့်ဝေသည့် “HD Videos” ဖေ့စ်ဘုတ်စာမျက်နှာတွင် ယခုကဲ့သို့ လူစိတ်ဝင်စားစေမည့် ခေါင်း စဉ်မျိုးဖြင့် သတင်းဌာနများမှဖော်ပြထားသည့် သတင်းများကို ပြန်လည်တင်ဆက်ပြီး ရုပ်ကပ်အလွဲများ နှင့် ခေါင်းစဉ်အလွဲများတပ်ကာ ဖော်ပြလေ့ရှိသည်။

ထို့ကြောင့် ထိုင်းဝန်ကြီးချုပ်သစ်ကို ထိုင်းစစ်တပ်ကဖမ်းဆီးကာ အာဏာသိမ်းလိုက်ပြီဟူသောသတင်းမှာ မှားယွင်းနေပြီး ဗီဒီယိုဖိုင်ပါသတင်းနှင့် မတူညီပေ။ လက်ရှိတွင် အနိုင်ရပါတီ(MFP)မှ ပီတာသည် ဖမ်းဆီး ခံရခြင်းမရှိဘဲ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထိုင်းမီဒီယာများက ဖော်ပြလျက် ရှိသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#fake_news_

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly