၂၀၂၄အမေရိကန်သမ္မလောင်းတွေကြား ရေပန်းစားလာတဲ့ Bitcoinရဲ့အနာဂတ်အလားအလာ

၂၀၂၄အမေရိကန်သမ္မလောင်းတွေကြား ရေပန်းစားလာတဲ့ Bitcoinရဲ့အနာဂတ်အလားအလာ

(ယခု ဆောင်းပါးကို Bitcoin Myanmar Initiative မှ ထောက်ပံ့ထားသည်။) 

https://www.facebook.com/bitcoin.MM.initiatve

‌ဒီမိုကရက်တစ်ပါတီဘက်က ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ့် သမ္မတလောင်း ရောဘတ်ကနေဒီ ဂျူနီယာ (Robert Kennedy Jr)  မှ နိုင်ငံတကာမှ နိုင်ငံရေး လှုပ်ရှား ဆောင်ရွက်မှုတွေမှာ အမြင်မတူတာကြောင့် ဘဏ်အကောင့်တွေ ပိတ်ခံရခြင်းနဲ့ ပက်သက်တဲ့ အကြောင်းတွေကို Tweet လုပ်ရင်း နောက်ဆုံး အပိုင်းမှာ မြန်မာပြည် အကြောင်းကို ထည့်ပြောသွားခဲ့တဲ့အကြောင်း အသေးစိတ် ဆောင်းပါးရှည်ကို အရင်တစ်ပတ်က တင်ဆက်ခဲ့ပြီးပါပြီ။

 

ပြီးခဲ့တဲ့ အပတ်က အမေရိကန်ပြည်ထောင်စု၊မိုင်ယာမီမြို့မှာ ကျင်းပခဲ့တဲ့ Bitcoin 2023 Conference မှာ ရောဘတ်ကနေဒီ ဂျူနီယာ (Robert Kennedy Jr)အပါအ၀င်နောက်ထပ် ရီပတ်ဘလီကန်ပါတီဘက်က ၀င်ရောက်ယှဥ်ပြိုင်မယ့် သမ္မတလောင်း ဗေးဗစ် အာမက်ဆာရီ (Vivek Ramaswamy) နှစ်ဦးစလုံးက  မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေကို Bitcoin နဲ့ လက်ခံသွားမယ့်အကြောင်း မိန့်ခွန်းမှာ ထည့်ပြောသွားခဲ့ပါတယ်။

 

ဒါဟာ အမေရိကန်သမိုင်းပထမဆုံး မဲဆွယ်စည်းရုံးရေး ရန်ပုံငွေတွေကို Bitcoin နဲ့လက်ခံတာ ပထမဆုံးဖြစ်ပါတယ်။ ရောဘတ်ဟာ ယခင် ၃၅ ဦးမြောက် အမေရိကန် သမ္မတဖြစ်တဲ့ ဂျွန်ကနေဒီရဲ့ တူ အနေနဲ့ ဆွေမျိုး တော်စပ်ပါတယ်။  ဗေးဗစ်ကတော့ အမေရိကန် စီးပွားငန်းရှင်၊ နိုင်ငံရေး လောကထဲမှတော့ မျက်နှာသစ် လူတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာ Amazon ရဲ့ အရောင်းရဆုံး စာရင်းတွေထဲမှာပါတဲ့ "Woke, Inc."နဲ့ "Nation of Victims" စာအုပ်တွေကို ရေးသားထုတ်၀ေထားပါတယ်။

 

Bitcoin ငွေကြေး နည်းစနစ်ဟာ “ဒီမိုကရေစီနဲ့လွတ်လပ်မှုရဲ့သင်္ကေတ” ဖြစ်တယ်လို့ ရောဘတ်က ထောက်ပြသွားပါတယ်။ ဗေးဗစ်ကလည်း “Let’s make the 2024 election a referendum on fiat currency” ဆိုပြီးပြောသွားပါတယ်။ 

 

သူ ဆိုလိုတာက အစိုးရရဲ့ အမိန့်အာဏာကြောင့် ဒီ ငွေစက္ကူတွေဟာ ဥပဒေအရ ငွေပေးငွေချေ လုပ်နိုင်ပြီး အစိုးရက မလိုလားတဲ့ အချိန်အခါရောက်ရင် အခွင့်အာဏာနဲ့ ပြန်ရုတ်သိမ်းနိုင်တာကြောင့် ငွေကြေးလွတ်လပ်ခွင့် အပြည့်အ၀မရရှိတဲ့အနေတဲ့အထားဖြစ်နေပါတယ်။ Bitcoin ငွေကြေး နည်းစနစ် ဘယ်အစိုးအရအဖွဲ့အစည်းကမှ ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲ ငွေကြေးလွတ်လပ်ခွင့် အပြည့်အ၀ရတဲ့အချက်ကြောင့် အစိုးရငွေကြေးစနစ်ကို သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲဝင်သူ  ဗေးဗစ်က မနှစ်သက်တဲ့သဘောပါ။

 

တစ်ဖက်မှာလည်း သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ရောဘတ်နဲ့ ဗေးဗစ်ဟာ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ရဲ့ Bitcoin ငွေကြေး နည်းစနစ်ကို ဆန့်ကျင်မှုတွေ ရှိနေတဲ့အတွက် စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပြီး Bitcoin mining လုပ်ငန်းတွေအပေါ် အခွန်၃၀ရာခိုင်နှုန်းတိုးကောက်မယ့်အကြောင်း သမ္မတ ဘိုင်ဒင်က ပြီးခဲ့အပတ်မှာ ပြောထားပါတယ်။

 

လွန်ခဲ့တဲ့ ရက် အနည်းငယ် အတွင်းကမှ သမ္မတရွေးကောက်ပွဲ ပြိုင်ပွဲကို ဝင်ရောက်လာတဲ့ ရွန်ဒီဆန်းတစ်(စ်) (Ron DeSantis) ဟာ နည်းပညာ လုပ်ငန်းရှင် အီလောင်မက်စ် (Elon Musk) နဲ့ အတူ Twitter မှာ သူ့ရဲ့ ရွေးကောက်ပွဲ လှုပ်ရှားမယ့် အကြောင်းတွေကို ဖွင့်ချခဲ့ပြီး သူသာ သမ္မတ ဖြစ်လာခဲ့ရင် Bitcoin လို နည်းပညာမျိုးကို လွတ်လပ်စွာ ပြုလုပ်ခွင့်ပေးမယ်လို့ ပြောသွားပါတယ်။ တချိန်တည်းမှာပဲ ရွန်ဒီဆန်းတစ်(စ်) နဲ့ ပါတီတစ်ခုတည်းကနေ ပြိုင်နေတဲ့ အသက် ၃၇ နှစ် အရွယ် ဗေးဗစ်ကတော့ သူသည်သာ Bitcoin နည်းပညာကို ထဲထဲဝင်ဝင်နားလည်တဲ့ သမ္မတရွေးကောက်ပွဲပြိုင်သူ ဖြစ်တယ်လို့လည်း ပြန်လည် ကြွေးကြော်ပါတယ်။ အသက် ၇၆ နှစ် ရှိပြီတဲ့ သမ္မတဟောင်း ဒေါ်နယ်ထရမ့် နဲ့ အသက် ၈၀ ရှိပြီဖြစ်တဲ့ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒင်တို့ကတော့ Bitcoin နည်းပညာ အကြောင်းကို အခုချိန်ထိ မပြောဆိုသေးတာကို သတိပြုမိပါတယ်။

 

Bitcoin ငွေကြေး နည်းစနစ်ကို ဒီမိုကရေစီနိုင်ငံတွေအပါအ၀င် တခြားသော အင်အားကြီးတွေနိုင်ငံအများစုက သူတို့ရဲ့ သက်ဆိုင်ရာအစိုးရငွေကြေးစနစ်တွေကို ထိခိုက်လာမှာ စိုးရိမ်တဲ့ အတွက် အမြင်မကြည်ကြပါဘူး။  မြန်မာနိုင်ငံမှာလည်း ၂၀၂၀ခုနှစ် မေလ (၁၅) က မြန်မာနိုင်ငံဗဟိုဘဏ်က Bitcoin အပါအ၀င် တခြားသော Cryptocurrencyတွေကိုအသုံးပြုပါက ဥပေဒ ပုဒ်မ ၁၇၁ အရ အရေးယူခံရမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။

 

အခုလို ကမ္ဘာ အင်အားကြီးနိုင်ငံတစ်နိုင်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့  သမ္မတလောင်းတွေနဲ့ Bitcoin ငွေကြေး နည်းစနစ်အပေါ် အမြင်ပြောင်းလာတဲ့အချက်ဟာ  ၂၀၂၄ အမေရိကန် ရွေးကောက်ပွဲနဲ့အပြိုင် စိတ်၀င်းစားဖို့ ကောင်းနေပါတယ်။ 

 

ကိုးကား

၁. Robert F. Kennedy Jr. to accept campaign donations in Bitcoin (cointelegraph.com)

၂. US presidential candidate Vivek Ramaswamy to accept Bitcoin for campaign donations (cointelegraph.com)

၃. Robert Kennedy Jr. to Accept BTC for Campaign Contributions, Says Bitcoin Is an 'Exercise in Democracy' (Bitcoin.com)

၄. U.S. Presidential Candidate Ramaswamy Takes Potshot at DeSantis Bitcoin Remark (Coindesk)

(ယခု Bitcoin Myanmar Initiative Page မှ ကျွန်တော်တို့ ခေတ်ရဲ့ လွဲမှားနေတဲ့ စနစ်၊ Bitcoin နှင့် တခြားသော နည်းပညာများ အကြောင်းကို မျှဝေသွားမည် ဖြစ်သည်။ မျှဝေချက်များမှာ ပညာရေး အတွက်သာ ရည်ရွယ်ချက်ခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံ့မှု တိုက်တွန်းချက်မပါဝင်ပါ။)

‌Telegram တွင် စောင့်ဖတ်ရန် → 

https://t.me/BitcoinMyanmarEDU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly