မိုခါဆိုင်ကလုန်းနောက်ပိုင်း ရိုဟင်ဂျာများရှိရာ ဒေသသို့ အီးယူက အကူအညီ ဒေါ်လာ ၂ ဒသမ ၇ သန်း ပေးပို့

မိုခါဆိုင်ကလုန်းနောက်ပိုင်း ရိုဟင်ဂျာများရှိရာ ဒေသသို့ အီးယူက အကူအညီ ဒေါ်လာ ၂ ဒသမ ၇ သန်း ပေးပို့

အကြီးအကျယ် ဖျက်ဆီးသော မိုးသည်းထန်စွာ ရွာသွန်းမှုနောက်တွင် ရိုဟင်ဂျာများ နေထိုင်ရာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒေသများအတွက် အရေးပေါ် ကူညီထောက်ပံ့ရေး ယူရိုငွေ ၂ ဒသမ ၅ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဝန်းကျင်)ကို အီးယူက ပေးပို့ကြောင်း ဥရောပကော်မရှင်က ကြာသပတေးနေ့တွင် ကြေညာသည်။

“မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ မိုခါဆိုင်ကလုန်းမုန်တိုင်းနောက် ဥရောပကော်မရှင်ဟာ အရေးပေါ် လူသားချင်း စာနာထောက်ထားရေး အကူအညီ ယူရို ၂ ဒသမ ၅ သန်း ပေးပို့ခဲ့တယ်”ဟု အီးယူ၏ အမှုဆောင်အဖွဲ့အစည်းက ထုတ်ပြန်ချက်၌ ဆိုသည်။

ယခု အထောက်အပံ့သည် “ခုခံအား အလွန်နည်းသော ပြည်သူများ” ၏ “အားချင်းအဖြစ်ဆုံးသော လိုအပ်ချက်များကို ဖြေရှင်းရန်” ဖြစ်ပြီး အထူးသဖြင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်တို့တွင် ရှိနေသော ပဋိပက္ခများမှ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများအတွက် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မိုခါမုန်တိုင်း သဘာဝဘေးသည် မြန်မာမြောက်ပိုင်းဒေသက ရွှေ့ပြောင်းသူများအတွက် ယာယီခိုလှုံရာ နေရာများကို “ကြီးကြီးမားမား ဖျက်ဆီးပစ်ခဲ့ပြီး” မိုးသည်းထန်စွာ ရွာသွန်းလာနိုင်သေးကာ ရေကြီးမှုနှင့် မြေပြိုမှုဘေးများ တိုးမြင့်နေကြောင်း ဆိုထားသည်။

နိုင်ငံမြောက်ပိုင်းက မွတ်စလင် လူနည်းစုများကို ၂၀၁၇ အတွင်း မြန်မာစစ်တပ်၏ လူမဆန်စွာ ဖြိုခွင်းမှုများကြောင့် ရိုဟင်ဂျာများ အစုပြုံလိုက် ရှောင်တိမ်းခြင်း ဖြစ်ခဲ့သည်။

ထိုနောက်မှစကာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းခန့်သည် ကော့ဘဇားရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း၌ မရေရာသော အခြေအနေဖြင့် နေထိုင်ရလျက် ရှိသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly