မိုခါဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များသို့ အကူအညီ ပေးပို့ရာ နှောင့်နှေးကြန့်ကြာနေ

မိုခါဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များသို့ အကူအညီ ပေးပို့ရာ နှောင့်နှေးကြန့်ကြာနေ

ရခိုင်ပြည်နယ်တွင် မုန်တိုင်းတိုက်ခတ်ပြီးနောက် ၁၀ ရက်ကြာအထိ မိုခါဆိုင်ကလုန်းမုန်တိုင်း ဒုက္ခသည်များထံ အကူအညီများ ပေးပို့ရေး၌ ပြဿနာများ ရှိနေသည်ကို စိုးရိမ်ပူပန်ကြောင်း ဌာနေမီဒီယာက သတင်းဖော်ပြသည်။

ဆိုင်ကလုန်း သက်ရောက်ရာ မိသားစုအများအပြားဆီ စစ်ကောင်စီနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ အကူအညီများ မရောက်ရှိကြောင်း ဖြစ်ရပ်များကို စိစစ်နေသည့် Rakhine Communications Hub ကို ကိုးကားပြီး Narinjara သတင်းဌာနက မေ ၂၅ ရက်တွင် ဖော်ပြသည်။ ဒုက္ခကြုံနေရသည့် ရခိုင်ပြည်သူများသည် ထိုင်း၊ အိန္ဒိယနှင့် အခြားသော အာဆီယံနိုင်ငံများမှ အကူအညီများကို စောင့်ဆိုင်းနေကြောင်း မှတ်ချက်ချသည်။

ဆိုင်ကလုန်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လှူဒါန်းမှု တော်တော်များများသည် ရန်ကုန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်သို့ သယ်ယူပို့ဆောင်ပုံ မရကြောင်း Narinjara က မှတ်ချက်ပြုသည်။

အိန္ဒိယနှင့် ထိုင်းတို့က လူသားချင်း စာနာထောက်ထားရေး အထောက်အပံ့များ ရန်ကုန်သို့ ပေးပို့ပြီးဖြစ်သော်လည်း ရခိုင်ပြည်နယ်သို့ မပေးပို့ရသေးကြောင်း ယင်းသတင်းက ဖော်ပြသည်။

တစ်ချိန်တည်းမှာပင် ရခိုင်ပြည်နယ်က ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများထံ အရေးပေါ် အထောက်အပံ့များ ပေးပို့သည့် ကျောက်ဖြူမြို့နယ်ရှိ လူမှုရေးစေတနာ့ဝန်များ ဦးစီးသော စုပေါင်းလှူဒါန်းမှုများကို ဒေသအာဏာပိုင်များက တားမြစ်ကြောင်း Development Media Group က မေ ၂၄ ရက်တွင် သတင်းဖော်ပြသည်။

ရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်သင့် မြို့နယ်များအားလုံးက အကူအညီလိုအပ်သူများအား ထောက်ပံ့ရန် မေ ၂၁ ရက်တွင် ကျောက်ဖြူမြို့မှ အသိုင်းအဝိုင်း အခြေပြု အဖွဲ့အစည်း ၃၀ မှ ကိုယ်စားလှယ်များနှင့် ဘုန်းကြီးများ အပါအဝင် ၇၉ ခန့်သည် အစည်းအဝေးတစ်ရပ် ကျင်းပပြီး အာဏာပိုင်များထံ ခွင့်ပြုချက်ရရန် ချည်းကပ်ရာတွင် ငြင်းဆိုခံရခြင်း ဖြစ်သည်။

ဆိုင်ကလုန်းဒဏ်သင့် ပြည်သူများသည် အစားအစာ၊ ခိုလှုံနေရာ၊ သောက်ရေနှင့် ဆေးဝါးများ ရရှိရန် ပြည်တွင်းနှင့် နိုင်ငံတကာ အလှူရှင်များထံမှ ထောက်ပံ့မှုများ အားချင်း လိုအပ်နေကြောင်း ယင်းသတင်းအရ သိရသည်။ ကျောက်ဖြူအခြေစိုက် လူမှုရေးအဖွဲ့များသည် မုန်တိုင်းဒဏ်သင့် ပြည်သူများကို ကူညီလိုကြသော်လည်း ခွင့်ပြုချက်မရှိဘဲ အလှူကောက်ခံခဲ့လျှင် တရားစွဲဆိုခံရခြင်းများ ရင်ဆိုင်ရနိုင်ကြောင်း ပရဟိတအလှူရှင်များက ပြောကြသည်။

https://www.mizzima.com/article/delays-reported-myanmar-aid-delivery-cyclone-mocha-victims

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly