ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

ရိုဟင်ဂျာနေရပ်ပြန်ရေး ဆွေးနွေးဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သွားရောက်

ဘင်္ဂလားဒေရှ့်နိုင်ငံ၊ ကော့ဘဇားခရိုင် တဲခ်နာဖ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း အမှတ် (၂၆) ကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ မေလ ၂၅ ရက်နေ့မှာ ရောက်ရှိနေတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းချီရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၂၀၀ ကို စမ်းသပ်အစီအစဉ်နဲ့ ပြန်ခေါ်နိုင်ရေးအစီအစဉ်အတွက် သွားရောက်တာဖြစ်ပြီး မြန်မာကိုယ်စားလှယ်တွေအနေနဲ့ မြန်မာပြည်ဘက်ပြန်မယ့် ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံစကားပြောလိမ့်မယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ဒုက္ခသည်များဆိုင်ရာ ဒုတိယမဟာမင်းကြီး Shams ud Douza က ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required