၂ဝ၂၂ခုနှစ်အတွင်းမုဒိမ်းမှုပေါင်း၉ဝဝနီးပါးရှိခဲ့ပြီးအမှုပေါင်း၆ဝဝကျော်မှာသက်ငယ်မုဒိမ်းမှုများဖြစ်နေ

၂ဝ၂၂ခုနှစ်အတွင်းမုဒိမ်းမှုပေါင်း၉ဝဝနီးပါးရှိခဲ့ပြီးအမှုပေါင်း၆ဝဝကျော်မှာသက်ငယ်မုဒိမ်းမှုများဖြစ်နေ

 

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း (၉ဝဝ)နီးပါးရှိခဲ့ပြီး အမှုပေါင်း (၆ဝဝ)ကျော်ဟာ သက်ငယ်မုဒိမ်းမှုများဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့သော ၂ဝ၂၂ ခုနှစ်အတွင်း မုဒိမ်းမှုစုစုပေါင်း (၈၆ဝ)မှု ဖြစ်ပွားခဲ့ပြီး အရွယ်ရောက်ပြီးသူ မုဒိမ်းပြုကျင့်ခံရမှု (၂၃၃)မှုနဲ့ သက်ငယ်မုဒိမ်းမှု (၆၂၇)မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ စာရင်းများအရသိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂ဝ၂၁ ခုနှစ်မှာ အရွယ်ရောက်ရှိပြီးသူ မုဒိမ်းပြုကျင့်ခံရမှု (၂၉၇)မှု နဲ့ သက်ငယ်မုဒိမ်းမှု (၆၇၂) မှုအထိ ဖြစ်ပွားခဲ့ပြီး မုဒိမ်းမှုစုစုပေါင်း (၉၆၉)အမှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly