မုန်တိုင်းဘေးသင့် ပြည်သူများအား ကူညီရေး ကယ်ဆယ်ရေးအတွက် လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို 

မုန်တိုင်းဘေးသင့် ပြည်သူများအား ကူညီရေး ကယ်ဆယ်ရေးအတွက် လွတ်လပ်စွာ သွားလာခွင့်ပြုဖို့ ကုလသမဂ္ဂတောင်းဆို 

ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် ထိရောက်တဲ့ ပံ့ပိုး ကူညီမှုတွေ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်တပ်ဆီက အသွားအလာ ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့လိုကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေး ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့အကျိုးသက်ရောက်မှုတွေကို ခံနေရတာကြောင့် လိုအပ်ချက် အကဲဖြတ်မှုတွေ ရှေ့ဆက်လုပ်ဆောင်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က မြန် မာစစ်အာဏာရှင်တွေကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဗောလ်ကာ တက်ခ်က လက်ရှိ မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေဆီ အရေးပေါ် အထောက်အပံ့ ပစ္စည်းတွေ မြန်နိုင်သမျှ မြန်မြန် ရောက်ရှိအောင် စီမံပေးသင့်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly