ဒီရက်သတ္တပတ်ကုန်ပိုင်းမှာ အာရှဒေသကကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စု မစ်ရှီဂန်ပြည်နယ်၊ ဒက်ထွိုက်မြို့မှာ စုရုံးပြီး IPEF လို့ အတိုကောက်သုံးနှုံးတဲ့ အင်ဒိုပိစိဖိတ်ဒေသ စီးပွားရေးမူဘောင်တရပ်ကို ညှိနှိုင်းဆွေးနွေးဖို့ရှိပါတယ်။
IPEF ဟာ အမေရိကန်အစိုးရ အင်ဒိုပိစိဖိတ်ဒေသ မဟာဗျူဟာရဲ့ စီးပွားရေးပိုင်းဆိုင်ရာဖြစ်ပါတယ်။
သမတဘိုင်ဒင်ရဲ့ အာရှဒေသခရီးစဉ်ကိုပယ်ဖျက်ခဲ့ပြီးနောက်၊ သူ့ရဲ့အစိုးရအနေနဲ့ အင်ဒိုပစ္စဖိတ်ဒေသကို အလေးအနက်ထားကြောင်း ပြသလိုက်တာလည်းဖြစ်ပါတယ်။
VOA သတင်းထောက် ဂျက်စီကာ စတုန်း Jessica Stone သတင်းပေးပို့ထားတာကို၊ ကိုဇော်မိုးကျော် တင်ပြထားပါတယ်။