မိုးကာလ အယ်လ်နီညိုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင် (ရုပ်/သံ)

By KMN (မဇ္ဈိမ)
25 May 2023
မိုးကာလ အယ်လ်နီညိုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်နိုင် (ရုပ်/သံ)

ပင်လယ်ရေမျက်နှာပြင်ပူနွေးရာက အစပြုတဲ့ ခြောက်သွေ့တဲ့ အစွန်းရောက် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ဟာ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာမှာ စတင်ဖြစ်ပေါ်နေပါတယ်။

အခု လာမယ့် ဇူလိုင်လလယ်မှာ ၉၀ ရာခိုင်နူန်းထိ မြင့်တက်လာနိုင်တယ်လို့  အမေရိကန်နိုင်ငံအခြေစိုက် NOAA (သမုဒ္ဒရာနှင့် ကမ္ဘာ့လေထုဆိုင်ရာစောင့်ကြည့်လေ့လာရေးဌာန)ကို ကိုးကားပြီး အမျိုးသားညီညွှတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။

 ခြောက်သွေ့တဲ့ အစွန်းရောက် အယ်လ်နီညိုရာသီဥတုသက်ရောက်မှုကြောင့်မြန်မာနိုင်ငံရဲ့ မိုးရာသီအပေါ် အကျိုးသက်ရောက်စေပြီး  စိုက်ပျိုးရေး၊မွေးမြူရေး၊ခရီးသွားလာရေး၊ရေသယံဇာတထုတ်ယူသုံးစွဲမှုအပေါ် အခက်အခဲတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ ခန့်မှန်းချက်တွေကို ကိုးကားပြီး ဇွန်လအတွင်းမှ ာအားအနည်းငယ်ကနေ အားအသင့်အတင့်ရှိတဲ့ အယ်လ်နီညိုအခြေအနေကို ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တည်းဖြတ်၊တင်ဆက် - KMN

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly