ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေးခြင်းအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူများ ဝေဖန် 

ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေးခြင်းအပေါ် လူ့အခွင့်ရေးလှုပ်ရှားသူများ ဝေဖန် 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာတင်သွင်း ရမယ့်နေ့ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်တယ်လို့ ICJ ရဲ့ မေလ ၁၂ ရက်နေ့ ဆုံးဖြတ်ချက်အရ သိရပါတယ်။

အဲဒါကြောင့် သြဂုတ်လ ၂၄ ရက်နေ့မှသာ စစ်ကောင်စီဘက်ကနေ ထုချေလွှာကို တင်ရတော့မှာ ဖြစ်ပါ တယ်။

စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့်ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက်တာက စစ်ကောင်စီအား ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် အချိန်ပေးနေမှုသာဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။

ဒီမတိုင်ခင်ကလည်း ထုချေလွှာတင်ရမယ့်ကာလကို ၁၀ လအထိရွှေ့ဆိုင်းပေးဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီဘက်ကနေ တင်ပြခဲ့ပါတယ်။

အဲဒီတင်ပြချက်အပေါ်ကိုတော့ ICJ ဘက်က လက်မခံခဲ့ပဲ နောက်ထပ် ၁ လသာ ရွှေ့ဆိုင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required