မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်မှု နည်းလမ်းများ အမေရိကန်နှင့် မိတ်ဖက်များ ဆွေးနွေး

မြန်မာစစ်တပ်အပေါ် ထပ်တိုးဒဏ်ခတ်မှု နည်းလမ်းများ အမေရိကန်နှင့် မိတ်ဖက်များ ဆွေးနွေး

မြန်မာနိုင်ငံမှာအာဏာသိမ်းထားတဲ့ စစ်ကောင်စီအပေါ်ဒဏ်ခတ်အရေးယူမှုတွေနဲ့ ထိရောက်အရေးပါမှု တွေကို သုံးသပ်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ဥရောပကော်မရှင်နဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ မေလ ၂၄ ရက်နေ့ မှာဆွေးနွေးခဲ့ကြကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

ညှိနှိုင်းဆောင်ရွက်ရေးတာဝန်ရှိသူတွေဟာ၊ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး ကတည်းကချမှတ်ခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုတွေနဲ့၊ မြန်မာနိုင်ငံဆိုင်ရာ လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေရဲ့ထိရောက်မှု၊ ပိတ်ဆို့အရေးယူထားတာတွေကို အထောက်အကူ ဖြစ်စေမယ့် ပစ်မှတ်နဲ့သတင်းချက်အလက်တွေရဲ့အရေးပါမှု စတာတွေကိုဆွေးနွေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly