ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ယနေ့ မေလ ၂၄ ရက်၊ မွန်းလွဲပိုင်းအချိန်က စကြဝတေးမင်းကြီးသပိတ်ကော်မတီမှ ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
"အမှောင်ခေတ်ကို အလင်းဆောင်ခဲ့တဲ့ ငါတို့ပြည်သူတွေရဲ့မိခင် အမေစုကိုချက်ခြင်းလွှတ်"စာသားပါ ဘန်နာအားကိုင်စွဲကာ ကြံခင်းမြို့ပေါ်တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြောသည်။
စကြဝတေးမင်းကြီး သပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ် ဖော်မှုသည် အဆိုပါသပိတ်ကော်မတီ၏ (၉၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟုသိရသည်။