နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ မေ  ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ မေ  ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ် ထုတ်ကုန်ပစ္စည်းများကို ဖမ်းဆီးပြီး ဖျက်ဆီး ခဲ့ကြောင်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်ကိုင်း တိုင်း၊ မကွေးတိုင်းမှာရှိကြတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၃ ရက် ၊ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် အစည်းအဝေး၌ လူသားချင်း စာနာမှု အကူအညီ အများဆုံးရနိုင်မည့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် pro-active engagement ဖြစ်အောင် အားသွန်ကြိုးပမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ဆိုင်ကလုန်းမိုခါအတွက် ထပ်တိုးအကူအညီ ဒေါ်လာ ၁၇ သန်းကို မိတ်ဖက်အဖွဲ့များမှတစ်ဆင့် ပေးအပ် မည်ဖြစ် ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ၊ မိုးဗြဲကျေးရွာအုပ်စု လွယ်ဝိုင်းကျေးရွာကို ယမန်နေ့ မတ်လ ၂၃ ရက် ညနေ ၁၀ နာရီ ဝန်းကျင်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ 

  • မေလ ၂၄ ရက်၊ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှ ရုံးဌာနသုံးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ မေလ ၂၃ရက်တွင် တိုက်ခိုက်ခဲ့ရာ လဝကဌာနဒုဦးစီးမှူး သေဆုံးသွားပြီး မြို့ခံအရပ်သားလေးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ 

  • မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေခြင်းအတွက် လုပ်ငန်းအာမခံပေးထားသည့် ဗြိတိန်အာမခံ ကုမ္ပဏီ ငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေကို စောင့်ကြည့်နေသည့်အဖွဲ့တစ်ခုဖြစ်သော Burma Campaign UK က မေလ ၂၃ ရက်u ထုတ်ပြန်လိုက်သည်။ 

  • စစ်ကောင်စီအာဏာသိမ်းကာလ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် တိုက်ပွဲပေါင်း ၉,၃၄၇ ကြိမ်ကျော်ဖြစ်ပွားခဲ့ရာ ထိုအကြိမ်ရေအားလုံး​၏ ၄၅% သည် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ဖြစ်ပွား ခဲ့ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ( ISP Myanmar ) ​က မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

  • မိုခါမုန်တိုင်း တိုက်ခတ်မှုဒဏ်ပြင်းထန်စွာခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့် ပြည်သူများဆီ လုံလောက်သည့် ထောက်ပံ့ကူညီမှုများရသေးကြောင်း ဒေသခံများက ပြောသည်။ 

  • ရခိုင်ပြည်နယ်အတွင်းက “မိုခါ” ဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသခံပြည်သူများကို ကူညီထောက်ပံ့ပေးရေး လုပ်ဆောင်နေသည့် ရခိုင်ဒေသခံ ပရဟိတသမား၊ စာရေးဆရာ ဝေဟင်အောင်ကို စစ်ကောင်စီကမေလ ၂၃ ရက်နေ့တွင် ဖမ်းဆီးထိန်းလိုက်ကြောင်း ၎င်းနှင့် နီးစပ်သူ အချို့က မဇ္ဈိမကို ပြောသည်။ 

  • ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်ပြီး တစ်ပတ်ကျော်ကြာသည်အထိ ရခိုင်ပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအများစုမှာ စစ်ကောင်စီထံမှ အကူအညီများ မရရှိသေးကြောင်း မြေပြင်တွင် ကူညီနေသည့် ပရဟိတအဖွဲ့များနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။ 

  • ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာတင်သွင်း ရမည့်နေ့ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ 

  • ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့တွင် ယမန်နေ့ မေလ ၂၃ ရက်ညနေက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် အလင်းဝင်လာပါက ဂုဏ်ပြု  ချီးမြှင့်ငွေများနှင့်အတူ စိတ်ဆန္ဒရှိသည့် နေရာကို ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗန်းမောက် ကာကွယ် ရေးတပ်ဖွဲ့ (B.P.D.F) က ထုတ်ပြန်ထားသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)​၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင် ( ဖာပွန်ခရိုင်)၊ဒွယ်လိုးမြို့နယ်၊ ကတဲတိကျေးရွာနှင့် ထီးကဆောမဲကျေးရွာအကြားရှိကရင်နယ်ခြားစောင့်တပ်(BGF)ဂိတ်စခန်းအား ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း KNU-မူတြော်သတင်း စဉ်က ယနေ့ မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။ 

  • ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၁,၈၈၀ ဦးအထိ ရှိလာသည်ဟု KNU ဗဟို၏ မေလ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ခလယ်လောကျယ် (ခ) ပနွယ်ဖိုးကလိုးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်သောကြောင့် ခရစ်ယာန် ဘုရား ရှိခိုးကျောင်း ပျက်စီးခဲ့​ကြောင်း KNU ဗဟို က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်တွင် အခြေခံပညာစာသင်ကျောင်းများကို မူလသတ်မှတ်ထားသည့်အတိုင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရသည်။ 

  • ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းဆုံနှင့် အောင်မင်္ဂလာအဝေးပြေးကားဝန်းအတွင်းဆိုင်ကယ်၊ ဘေးတွဲဆိုင်ကယ်နှင့် ဘက်ထရီစက်ဘီးများကို လုံခြုံရေးတာဝန်ယူထားသည့် စစ်ကောင်စီ တပ်သားနှင့် ရဲများကဖမ်းဆီးပြီးဆိုင်ကယ်အသစ်များကိုသိမ်းယူကာ အဟောင်းများကိုငွေတောင်းပြီး ပြန်ပေးနေကြောင်း သိရသည်။ 

  • ဖမ်းဆီးခံထားရသည့် စာရေးဆရာ ဦးဝေဟင်အောင်နှင့် အဖွဲ့ဝင်အချို့ကို စုံစမ်းစစ်ဆေးမှုများပြီးသည့်အခါ ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောဆိုချက်ကို ကိုးကား၍ ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ 

  • ရခိုင်ပြည်နယ်အတွင်းက မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်အဆောက်အဦများနှင့် မုန်တိုင်းသင့်ဒေသခံများကို ပြန်လည်ထူထောင်ရေးအတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်နယ်ကောင်စီ၏ပြောဆိုချက်ကို ကိုးကား၍ ဘီဘီစီတွင် ဖော်ပြထားသည်။ 

  • (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရတိပိဋကကောဝိဒစာအောင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၅၂ ပါး တို့အား အကြမ်းဖက်ဒုခေါင်းဆောင်စိုးဝင်းက အောင်လက်မှတ်နှင့်ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခဲ့ ကြောင်း စစ်ကောင်စီ မီဒီယာများတွင် ဖော်ပြထားသည်။ 

  • ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းတွေ ကျောင်းလာရောက်အပ်နှံကြရာမှာ မူလတန်း အဆင့်များကျောင်းအပ်နှံမှုအနေဖြင့် ပထမနေ့ မှာပဲ ကျောင်းသားကျောင်းသူ ၁၃သိန်းကျော် ကျောင်းလာအပ်ကြကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက သိရသည်။ 

  • ယခု ၂ဝ၂၃ ခုနှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်ပေါင်း ၂၀တွင် စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဟု စစ်ကောင်စီ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သိရသည်။ 

မေ ၂၄ ရက် သုံးသပ်ချက် 

  • အကြမ်းဖက်စစ်ကောင်စီမှ မုန်တိုင်းသင့်ပြည်သူများကို ကူညီမှုများစတင်နေပြီးဟုပြောဆိုသော်လည်း တကယ့်လက်တွေ့တွင် မုန်တိုင်းတိုက်ပြီး တစ်ပတ်ကြာသည်အထိ အကူအညီများမရသေးကြောင်း ပြည်သူများမှပြောဆိုကြသည်ကို ကြည့်ခြင်းဖြင့် စစ်တပ်၏ စီမံခန့်ခွဲမှုအရည်အချင်းနှင့် ပြည်သူအပေါ် အမှန်တကယ်စေတနာထားဆောင်ရွက်မှုမရှိသည်ကို တွေ့ရသည်။ 

  • မုန်တိုင်းကူညီကယ်ဆယ်သူများကို စစ်ကောင်စီမှ ဖမ်းဆီးနေသည့်အပြင် နိုင်ငံတကာနှင့်ကုလအဖွဲ့ အစည်းများ ဝင်ရောက်ကူညီခွင့်ပေးရန် နှောင့်နှေးနေသည့်အပြင် မုန်တိုင်းသင့်ဒေသများတွင် ကျောင်းများကို ပုံမှန်အတိုင်းဖွင့်မည်ဟု ဆိုထားသည်ကိုကြည့်လျှင် အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် လူသားချင်းစာနာမှုမရှိသည်ကိုတွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly