အီလွန်မက်က အိမ်ထောင်ရှင်မစက်ရုပ် တီထွင်ထားခြင်း မရှိ

အီလွန်မက်က အိမ်ထောင်ရှင်မစက်ရုပ် တီထွင်ထားခြင်း မရှိ

ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အပြင် Twitter, Space X နှင့် Tesla ကုမ္ပဏီများ၏စီအီးအိုလည်းဖြစ်သည့် အီလွန်မတ်က အိမ်ထောင်ရှင်မစက်ရုပ်(ခေါ်) Robot Wife တီထွင် ခဲ့ပြီဖြစ်သည်ဆိုသောသတင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။
 
Captain Win အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ “ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Elon Musk ရဲ့ နောက်ဆုံး တီထွင်မှုတစ်ခုပါ...Robot Wife အိမ်ထောင်ရှင်မစက်ရုပ်ပါတဲ့...လာမယ့် ၂၀၂၃ စက်တင်ဘာလမှာ စျေးကွက်ထဲစဖြန့်ပါမယ်တဲ့..”ဟု (မူရင်းအရေးအသားအတိုင်း) ရေးသားကာ မေလ ၂၀ ရက်နေ့က ဖြန့်ဝေ ခဲ့သည်။
အီလွန်မတ်က စက်ရုပ်အမျိုးသမီးများကို ပွေ့ဖက်နမ်းရှုပ်နေသည့်ပုံများဖြင့် တွဲလျက်ဖော်ပြထားသည်။
ထိုပို့စ်ကို ပြန်လည်မျှဝေမှု ၄၆၀ ခု ရှိနေပြီဖြစ်သည်။ မူရင်းတင်သူမှ အတုဖြစ်နိုင်ကြောင်း ဝန်ခံသော်လည်း အတုမဖြစ်စေချင်သူ များနေသောကြောင့် မဖျက်သေးကြောင်းလည်း ဆိုထားသည်။ 
 
ထိုအကြောင်းကို အခြားဖေ့စ်ဘုတ်ပေ့ချ်ဖြစ်သည့် MOE WIN OO ပေ့ချ်မှလည်း ကူးယူဖော်ပြထားပြီး ပြန်လည်မျှဝေမှု ၁၅၀ ခု ရှိနေသည်။ 
 
ထိုပိုစ့်များက zacareers.co.za ဝက်ဘ်ဆိုက်မှ မေလ ၁၇ ရက်နေ့က ဖော်ပြထားသည့် အီလွန်မက်၏ စက်ရုပ်ချစ်သူဟူသော
ဖော်ပြမှုကိုညွှန်းဆိုထားကြသည်။ သိုသော် အဆိုပါဝက်ဘ်ဆိုက်အား ဝင်ရောက် ကြည့်ရှုရာတွင် ၎င်းတို့၏အကြောင်း(about)နှင့် ဆက်သွယ်ရန်(contact)တို့မှာ ကြည့်ရှု၍ မရပေ။ 
 
ယင်းအကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်စစ်သေးသူများမှ Google တွင် “Elon Musk building a robot wife” ဆိုသည့် စကားစုဖြင့် ရှာဖွေ စစ်ဆေးခဲ့သည်။ 
တွေ့ရှိချက်များအရ သတင်းတုတွင်ဖော်ပြထားသည့် ပုံများသည်  AI ဟုခေါ်သော Artificial Intelligence (ဥာဏ်ရည်တု)ဖြင့်ဖန်တီးထားသောပုံများဖြစ်ကြောင်း တွေ့ရသည်။ 
 
ပြင်သစ်နိုင်ငံအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် France 24 သတင်းဝက်ဘ်ဆိုဒ်မှ အီလွန်မတ်အနေ ဖြင့် အိမ်ထောင်ရှင်မစက်ရုပ်အား တီထွင်ထားခြင်းမရှိ” ဆိုသည့်‌ခေါင်းစဉ်ဖြင့် အချက်အလက်စစ်ဆေး ထားသည်။ 
လင့် - https://bit.ly/42Xxcws
 
ထိုစစ်ဆေးချက်တွင် AI ဖြင့် ဖန်တီးထားသောကြောင့် စက်ရုပ်၏လက်များနှင့် အီလွန်မက်၏ ပုခုံးပေါ်
တင်ထားသည့်ဟန်ဆိုသော်လည်း ဝေးကွာနေကြောင်း ထောက်ပြထားသည်။ ထို့ပြင် ဖန်တီးသူမှာ Xavier Art ဖြစ်ပြီး  “art_is_2_inspire”  အင်စတာဂရမ်အကောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။ 
 
“art_is_2_inspire” အကောင့်ကလည်း ၎င်း၏ဖန်တီးမှုကို Credit မပေးဘဲ ယူသုံးနေကြောင်း မေလ ၂၂ ရက်နေ့ကဖော်ပြထားသည်။ ထိုပုံများကို ၎င်းက မေလ ၄ ရက်နေ့တွင် ဖန်တီးဖော်ပြထားခြင်းဖြစ်သည်။  လင့် - https://shorturl.at/apqWZ ,
https://shorturl.at/xBOU8
 
အချက်အလက်စစ်ဆေးသည့်အဖွဲ့ဖြစ်သော Fact-Crescendo က အဆိုပါပုံများမှာ AI ဖြင့်ပြုလုပ်ထားခြင်း  သာဖြစ်ပြီး လက်တွေ့တွင် အမျိုးသမီးစက်ရုပ်များအား ထုတ်လုပ်ထားနိုင်ခြင်းမရှိသေးကြောင်း ဖော်ပြ ထားသည်။
လင့် - https://bit.ly/42YyAyN
 
ယခုနှစ်အတွင်း Artificial Intelligence(ဥာဏ်ရည်တု) အသုံးပြုမှုများတွင်ကျယ်လာပြီး ထိုဥာဏ်ရည်တု ဖြင့် ဓာတ်ပုံများ၊ ဗီဒီယိုများ ဖန်တီးဖော်ပြမှုများပြားလာနေသည်။ 
 
ထို့ကြောင့် အီလွန်မတ်ခ်အနေဖြင့် အိမ်ထောင်ရှင်မစက်ရုပ် (Robot Wife) တည်ထွင်နိုင်ခဲ့သည်ဆိုသော သတင်းမှာ
ဥာဏ်ရည်တုဖြင့် ဖန်တီးထားသောပုံများဖြင့် ဖော်ပြထားသည့် သတင်းအမှားသာဖြစ်သည်။
 
မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။
  
စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly