စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း

စစ်ကောင်စီထံ လေယာဉ်ဆီပို့ဆောင်မှု အာမခံပေးတဲ့ ဗြိတိန်ကုမ္ပဏီငါးခုကို အမည်ပျက်စာရင်းသွင်း

မြန်မာစစ်ကောင်စီကို လေယာဉ်ဆီပို့ဆောင်နေတာတွေအတွက် လုပ်ငန်းအာမခံပေးထား တဲ့ ဗြိတိန်အာမခံ ကုမ္ပဏီ ငါးခုကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးရေးတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တစ်ခုဖြစ်တဲ့ Burma Campaign UK က မေလ ၂၃ ရက်u ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ အာမခံဝန်ဆောင်မှုပေးနေတဲ့ ဗြိတိန်ကုမ္ပဏီတွေကတော့ UK P & I, Steamship Mutual, Britannia P & I, North Standard နဲ့ Shipowners’ Club တို့ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို လေယာဉ်ဆီပို့နေတဲ့ ယာဉ်တွေကို အကာအကွယ်နဲ့ နစ်နာကြေး အာမခံပေးထားတဲ့ ကုမ္ပဏီတွေပါ။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးကတည်းက မြန်မာတစ်နိုင်ငံလုံးကိုထိန်းချုပ်နိုင်ဖို့ လေကြောင်းတိုက်ခိုက်မှုတွေကို တိုးမြှင့်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထား ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required