အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံး

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၆၀၀) ကျော်သေဆုံး

အာဏာသိမ်းစစ်အုပ်စုရဲ့လေကြောင်းအသုံးပြုပြီး ပြည်သူတွေကို တိုက်ခိုက်မှုတွေကြောင့် အရပ်သား (၆၃၄) ဦးသေဆုံးထားတယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေအပေါ် လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေနဲ့ ပတ်သက်တဲ့ "အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းအသုံးပြုသတ်ဖြတ်မှုများနှင့် နိုင်ငံတကာ ရပ်တည်ချက်" ဆိုတဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ဝေထားတဲ့စာတမ်းမှာ ဖော်ပြထားတာပါ။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ရပ်တည်ချက်သဘောထား၊မူဝါဒနဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဒီအထူးအစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required