ဗီနီစီးယပ်ရဲ့ ပုံစံအရုပ်ကို ကြိုးဆွဲချတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ လူလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့ ပြော

ဗီနီစီးယပ်ရဲ့ ပုံစံအရုပ်ကို ကြိုးဆွဲချတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ လူလေးဦးကို ဖမ်းဆီးခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့ ပြော

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီစီးယပ်စ် ဂျူနီယာရဲ့ ပုံစံအရုပ် (dummy)ကို ဇန်နဝါရီလက မက်ဒရစ်မြို့ရှိ တံတားတစ်ခုပေါ်ကနေ ကြိုးဆွဲချရာမှာ သံသယရှိသူ လေးဦးကို စပိန်ရဲတွေက အင်္ဂါနေ့က ဖမ်းဆီးခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ စပိန်လိဂ်ပွဲစဉ်တစ်ခုအတွင်း လူမျိုးရေးခွဲခြားစော်ကားမှု ထပ်မံခံခဲ့ရပြီး နိုင်ငံတကာမှ ပြစ်တင်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက် နှစ်ရက်အကြာမှာ အခုလို အဖမ်းအဆီးဖြစ်လာတာပါ။

မက်ဒရစ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားလေးဦးဟာ “ဗီနီစီရှပ်အင်္ကျီနဲ့အတူ အရုပ်တစ်ခုကို  တံတားတစ်ခုပေါ်ကနေ ကြိုးဆွဲချမှုအတွက် အမုန်းတရား ရာဇဝတ်မှုတစ်ခုလို့ သံသယရှိခဲ့တာဖြစ်တယ်”လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ထဲက သုံးဦးဟာ မက်ဒရစ်ဘောလုံးအသင်းရဲ့ အမာခံပရိသတ်အဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်ဆိုတာ တိကျတဲ့ရှင်းလင်းဖော်ပြထားတာမရှိဘူးလို့ အဲဒီထုတ်ပြန်ချက်မှာ ထပ်လောင်းပြောပါတယ်။

ဗီနီစီးယပ်စ်ရဲ့ ဂျာစီကို ဝတ်ဆင်ထားတဲ့ အရုပ်ကို ရီးယဲလ်မက်ဒရစ်ရဲ့ အက်သလက်တီကိုနဲ့ ပွဲစဉ် မတိုင်ခင် ဇန်နဝါရီ ၂၆ ရက်က ကလပ်အသင်းရဲ့လေ့ကျင့်ရေးကွင်းအနီး အဝေးပြေးတံတားတစ်ခုပေါ်ကနေ လည်ပင်းမှာ ကြိုးဆွဲချထားခဲ့တာ ဖြစ်ပါတယ်။

“မက်ဒရစ်က ရီးယဲလ်ကို မုန်းတယ်”စာတန်းပါ အက်သလက်တီကိုရဲ့ အနီရောင်နဲ့ အဖြူရောင် banner တစ်ခုကိုလည်း တံတားပေါ်မှာ လွှင့်တင်ထားပါတယ်။

ဒီမက်ဆေ့ချ်ကို အက်သလက်တီကိုမက်ဒရစ်ရဲ့ အမာခံပရိသတ်အုပ်စုတစ်ခုကနေ မကြာခဏအသုံးပြုလေ့ရှိပေမယ့်လည်း အခုလိုချိတ်ဆွဲမှုအတွက် တာဝန်ယူရမယ့်အချိန်မှာတော့ ငြင်းဆိုခဲ့ပါတယ်။

ဗီနီစီးယက်စ် ဂျူနီယာဟာ စပိန်လာလီဂါရှိ ပြိုင်ဘက်ပရိသတ်တွေရဲ့ ပစ်မှတ်ထားခံရလေ့ရှိပြီး တနင်္ဂနွေနေ့က ဗလင်စီယာကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ နောက်တစ်ကြိမ် ထပ်မံခံခဲ့ရပါတယ်။

ပွဲကို မိနစ်အတော်ကြာအောင် ရပ်နားခဲ့ပြီး ဗီနီစီးယက်စ်ကို "မျောက်"လို့ အော်ဟစ်ခဲ့ကြတယ်လို့ ဒိုင်လူကြီးက ပွဲအပြီး အစီရင်ခံစာမှာ ရေးသားခဲ့ပါတယ်။။

ဘရာဇီးလ်သမ္မတ လူးဝစ်ဇ် အင်နာစီယို လူလာဒါဆေးလ်ဗားနဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်တို့မှ ရှုတ်ချခဲ့တဲ့ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စပိန်အစိုးရရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဖွင့်လှစ်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required