ဂဠုန်ဆားချက်တဲ့အလုပ် စစ်ကောင်စီလုပ်နေရပြီ

ဂဠုန်ဆားချက်တဲ့အလုပ် စစ်ကောင်စီလုပ်နေရပြီ

နိုင်ငံတစ်ဝန်းအရှိန်အဟုန်ကောင်းလာတဲ့ တော်လှန်ရေးအင်အားစုတွေကို နှိမ်နင်းဖို့ခက်ခဲလာတဲ့ စစ်ကောင်စီဟာ အကြံကုန် ဂဠုန်ဆားချက်နေရတဲ့ ဘဝရောက်နေပြီဖြစ်ပါတယ်။ 

NUG၊ PDF နဲ့ တော်လှန်ရေးတိုင်းရင်းသားအဖွဲ့ အစည်းတွေကြားမှာ သွေးခွဲဖို့ရည်ရွယ်ချက်နဲ့ တရုတ်အကူအညီယူပြီးဆွေးနွေးမှုတွေလုပ်ခဲ့ပေမယ့် အထမမြောက် ခဲ့သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲ တံဆိပ်ကပ်ပြီး အကျိုးစီးပွားတွေ မက်လုံးပေးခဲ့တဲ့ အစီအစဉ်တွေကလည်း စစ်ကောင်စီအတွက်
အလုပ်မဖြစ်ခဲ့ပါဘူး။ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်တွေရဲ့ အလိမ်အညာ စကားတွေ ကိုယုံခဲ့မိလို့ ဖက်ဒရယ်လမ်းကြောင်းနဲ့ ဝေးခဲ့ရတဲ့သာဓကတွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အထာနပ်နေခဲ့ပြီဆိုတာ အာဏာသိမ်း စစ်ခေါင်းဆောင်မသိတာတော့ မဖြစ်နိုင်ပါဘူး။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required