စစ်ကြောင်း ဆက်တိုက် ထိုးနေတဲ့ ခင်ဦးမြို့နယ်မှာ ဘာတွေဖြစ်နေသလဲ

By KMN (မဇ္ဈိမ)
20 May 2023
စစ်ကြောင်း ဆက်တိုက် ထိုးနေတဲ့ ခင်ဦးမြို့နယ်မှာ ဘာတွေဖြစ်နေသလဲ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ဧရာဝတီမြစ်အနောက်ဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက  ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကစပြီး ယနေ့ မေလ ၁၉ ရက်နေ့အထိစစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရိူ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီစစ်ကောင်စီ စစ်ကြောင်းမှာ အင်အား ၂၀၀ ဝန်းကျင်ပါဝင်ပြီး မေလ ၇ ရက်နေ့မှာ သပိတ်ကျင်းနယ်ဘက်ကနေ ဧရာဝတီမြစ် မြစ်ကူးပြီး ခင်ဦးမြို့နယ်ထဲကို လာရောက်ခဲ့တာပါ။

မေလ ၇ ရက်နေ့ကနေ မေလ ၁၂ ရက်နေ့အထိ  ရုံးပင်၊ သင်ပေါင်၊သရက်ကုန်း၊တောင်ဘို့ရေစတဲ့ ကျေးရွာ ခြောက်ရွာကို စစ်ကောင်စီတပ်တွေမီးရိူ့ခဲ့ပါတယ်။ ခင်ဦးမြို့နယ်အနောက်ခြမ်းက အင်းပတ်၊ချမ်းသာကုန်း၊ကုန်းသာ၊အောင်ချမ်းသာ၊ကံသစ် စတဲ့ ကျေးရွာခံ ထောင်ချီ
ဟာ စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်သွားလာပြီး မီးရိူ့နေတာကြောင့် အမြဲလိုလို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တင်ဆက်၊တည်းဖြတ် - KMN
စာတည်း။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly