မြေပြင်တွင် စစ်ကောင်စီတပ်သားများ စိတ်လုံခြုံမှုမရှိတော့ဟု Black Wolf Army ပြော

By ဂျူချန်း (မဇ္ဈိမ)
19 May 2023
မြေပြင်တွင် စစ်ကောင်စီတပ်သားများ စိတ်လုံခြုံမှုမရှိတော့ဟု Black Wolf Army ပြော

 စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေး အင်အားစုများကြား တိုက်ပွဲများမကြာခဏ ဖြစ်ပွားလေ့ရှိရာ မြေပြင်တွင် စစ်ကောင်စီတပ်သားများအနေဖြင့် များစွာကြောက်ရွံ့မှုနှင့်အတူ စိတ်လုံခြုံမှုမရှိတော့ဟု Black Wolf Army ပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ကိုခွန်လေးက ပြောသည်။

တော်လှန်ရေးအင်အားစုအနေဖြင့် စစ်ရေးနှင့် နိုင်ငံရေးအပိုင်းတွင် တိုးတက်မှုရှိပြီး နယ်မြေအများစုကိုလည်း စိုးမိုးထိန်းချုပ်နိုင်နေပြီဟု ဆိုသည်။

Black Wolf Army အဖွဲ့သည် နိုင်ငံရေးတက်ကြွလှုပ်ရှားလူငယ်များနှင့် ဒေသခံများဖြင့် ဖွဲ့စည်းထားပြီး စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေါက်တိုင်များအား မကြာခဏ ပစ်ခတ်တိုက်ခိုက်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။

Black Wolf Army အဖွဲ့အနေဖြင့် စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ဆင်ရေးပေါင်း ၆၀ ကျော် လုပ်ဆောင်နိုင်ခဲ့ကြောင်း Black Wolf Army အဖွဲ့၏ ပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ကိုခွန်လေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly