Bant Two တပ်ဖွဲ့က M4ကာဘိုင်သေနတ် ထုတ်လုပ်အောင်မြင်(ရုပ်သံ)

By ကိုခင်မောင်(မဇ္ဈိမ)
19 May 2023
Bant Two တပ်ဖွဲ့က M4ကာဘိုင်သေနတ် ထုတ်လုပ်အောင်မြင်(ရုပ်သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ လက်နက်တွေကို ဦးစားပေးထုတ်လုပ်နေတဲ့ Bant Two တပ်ဖွဲ့ဟာ ဂတ်စ်သေနတ်တွေ၊ တူမီးသေနတ်တွေ စတင်ထုတ်လုပ်ရာကနေ M4 ကာဘိုင်တွေ ထုတ်လုပ်နိုင်ပြီလို့ သိရပါတယ်။

တော်လှန်ရေးအတွက် လူငယ်တွေဟာ စစ်ကောင်စီတပ်ကို တူမီးသေနတ်တွေနဲ့ တိုက်ခိုက်ရာကနေ ကိုယ်တိုင်ထုတ် လက်နက်တွေကို အသုံးပြုကာ စစ်အာဏာရှင်ကို တွန်းလှန်နေကြတာပါ။

တော်လှန်ရေး နှစ်နှစ်ကျော် ကာလအတွင်း Bant two တပ်ဖွဲ့က ဂတ်စ်သေနတ်၊ တူမီးသေနတ်တွေ စတင်ထုတ်လုပ်ရာကနေ ‌အခြားလက်လုပ်သေနတ်အမျိုးအစားများအပြင် လက်လုပ် M4ကာဘိုင် အထိ အောင်မြင်စွာထုတ်လုပ်နေတယ်လို့ သိရပါတယ်။

ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၃၀ရာခိုင်နှုန်းအတွက် လက်နက်တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ Bant Tow (ထုတ်လုပ်ရေးနှင့် ပြောက်ကျားတပ်)ခေါင်းဆောင်ကိုလင်းထံမှ သိရပါတယ်။

တင်ဆက်- KimMung

ရုပ်သံတည်းဖြတ်- Thant Sin

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly