နိုင်ငံ‌ရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူအပေါ် ခိုင်မာစွာရပ်တည်မယ်လို့ အပစ်ရပ် ၇ဖွဲ့ထုတ်ပြန်

နိုင်ငံ‌ရေးအကျပ်အတည်းကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူအပေါ် ခိုင်မာစွာရပ်တည်မယ်လို့ အပစ်ရပ် ၇ဖွဲ့ထုတ်ပြန်

အပစ်ရပ် ၇ဖွဲ့အနေနဲ့ NCA အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးမူအပေါ် ခိုင်မာစွာ ရပ်တည်မယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

‌တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့ ရဲ့ မျက်နှာစုံညီအစည်းအဝေးကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပါတယ်။

လက်ရှိနိုင်ငံ‌ရေးအကျပ်အတည်းကို ကျော်လွှားဖို့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေးအတွက် ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေးအပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required