နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၈ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မေ ၁၇ ရက် အထိ စာရင်းအရ သေဆုံးသူ ဦးရေ ၄၅၅ ဦးအထိ ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ ၁၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြသည်။
•    ချင်းပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေးအဆောက်အဦ များ၊ ကျန်းမာရေးအဆောက်အဦများ၊ စာသင်ကျောင်းများနှင့် စပါးကျီများအပါအဝင် အဆောက်အဦ ၁,၈၅၇ လုံး ပျက်စီးခဲ့ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)က မေ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် မြောက်ခြမ်း သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ မေ ၁၈ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေ ၁၈ ရက်တွင် ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ယမားတံတားပေါ် နှင့် ကျေးလက်ဈေးတစ်ခုတွင် စစ်အာဏာ ရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ ကျေးရွာတစ်ရွာတွင် သပိတ်အင်အားစုများနှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်နှင့်ပူးပေါင်းနေသည့် တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်ကြောင်း ယနေ့ မေလ ၁၈ရက်၊ နံနက်ပိုင်းက လူထုသပိတ် ချီတက်ဆန္ဒပြခဲ့ကြသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို မေ ၁၇ ရက်၊ ည ၈ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ဘုရားစေတီနှင့် ကျောင်းဆောင်အချို့ ထိမှန် ပျက်စီးခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို PDF တပ်များက ခုခံတိုက်ခိုက်ခဲ့ရာ မေ ၁၁ ရက်မှ မေ ၁၇ ရက်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းမှူး တစ်ဦးအပါအဝင် စစ်သား ၆၀ အထက် သေဆုံးကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ယခု တစ်ပတ်တာကာလအတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာနေသောကြောင့် တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ် လျက်ရှိကာ ထပ်ဆင့် ပေါက်ကွဲစေတတ်သော Cluster ဗုံးများ ကြဲချကြောင်း  ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။
•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ လယ်ရှည်ရွာကို မေ ၁၆ ရက်က အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက စစ်ဘေးရှောင်နှစ်ဦး မြွေကိုက် ခံခဲ့ရခြင်းကြောင့် ဆေးကုသမှုပေးနေရကြောင်း ကျွန်းလှ၊ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့် ဘလူခရိုင်မှ ထုတ်ပြန်ထားသည်။
•    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကြည်ကန်ကျေးရွာအနီးတွင် မေ ၁၇ ရက်၊ နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်ကား ၃ စီးကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ခွ ပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ် ကင်းစခန်းအား ဒေသကာကွယ်ရေးအဖွဲ့များက မေ ၁၇ ရက်၊ ညနေပိုင်းက ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)အဖွဲ့က ပြောသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို နမ ၁၆ ရက်က စတင်ကာ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးစီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
•    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ လူသတ် နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၇ ရက်နေ့က မြွေကျည်ကုန်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောကြီးမြွေပွေး တပ်ဖွဲ့က ယနေ့ မေ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။
•    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် မေ ၁၀ ရက် နှင့် ၁၁ ရက်တွင် စစ်တပ်က ဒေသခံ ပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး ခြေထောက် ရိုက်ချိုး၍ ပစ်သတ်ခဲ့ကြောင်း Wetlet Information Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ "ရန်ငါပြတ်ကြ ဒါနိုင်ငံတော် အသက်လုပွဲပြိုင် တူရုန်း၍တော်လှန်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ပဲခူးတိုင်း၊ တောင်ငူမြို့ အကျဥ်းထောင်တွင် မေ ၁၈ ရက်၊ မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး အကျဥ်းသား ၃ ဦး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။
•    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာနှင့် ညောင်ပင်ကုန်းကျေးရွာ အကြားတွင် မေ ၁၇ ရက်၊ နံနက် ၈ နာရီ အချိန်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ကရင်နီပြည်(ကယားပြည်)၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က မေ ၁၈ ရက်၊ နံနက်အစောပိုင်းတွင် ဂျက်ဖိုက်တာ ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စာသင် ကျောင်း နှင့် နေအိမ် ၅လုံး ပျက်စီးခဲ့ရပြီး မြေပြင်ကနေ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
•    ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ မိဘမဲ့ စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူ များကို ကျေးလက်မြေအဖွဲ့ နာယက ဦးဇော်မင်းထိုက်က လွယ်အိတ်၊ စာအုပ်၊ ကွန်ပါဗူး၊ ခဲတံ၊ ပေတံ နှင့် ခဲဖျက် တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
•    ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှင့် ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PDF Pekhon တို့  ယမန်နေ့ မေ ၁၇ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင် သေဆုံးမှုရှိသလို PDF ရဲဘော်နှစ်ဦးလည်း  ဒဏ်ရာရခဲ့ကြောင်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထောက်ပို့ ရဲဘော်တစ်ဦးက ပြောသည်။
•    နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေပွဲ အဖြစ် ဟား ၅ ကောင် အငြိမ့်သဘင် ၁၀ နှစ်ပြည့် အထိမ်း အမှတ် နွေဦးအောင်ပွဲ အငြိမ့်ဗီဒီယိုကို ကမ္ဘာတစ်ဝန်းပြသ၍ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေမည် ဖြစ်ကြောင်း သိရသည်။
•    မြန်မာနိုင်ငံမှ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများကို အမေရိကန်ဒေါ်လာ ၂ သိန်း အမေရိကန်ကူညီမည်ဖြစ်ပြီး မြေပြင်မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။
•    အာဏာသိမ်းပြီးချိန်မှစပြီး စစ်ကောင်စီက ဒေါ်လာ တစ်ဘီလျံတန်ကြေးရှိ စစ်လက်နက် ပစ္စည်းများကို ရုရှား၊တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ထိုင်းတို့မှ တင်သွင်းဝယ်ယူထားဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်၍ တင်ပြသော အစီရင်ခံစာသစ်တစ်ခုအရ သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သော အင်အားပြင်း မိုခါဆိုင်ကလုန်း မုန်တိုင်း ကြောင့် ပျက်စီး ဆုံးရှုံးမှု ကြီးမားနေသော ရခိုင်ပြည်သူလူထု ပြန်လည် ထူထောင်ရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က AA ထံသို့ သိန်း ၁၀၀၀ လှူဒါန်းကြောင်း AA ၏ ထုတ်ပြန် ချက်အရ သိရသည်။
•    ကေအိုင်အိုက ငွေကျပ်သိန်း ၃၀၀၀ နှင့် MNDAA ကိုးကန့်က ငွေကျပ် သိန်း ၁၀၀၀ စီ မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများ ပြန်လည် ထူထောင်ရေး လှူဒါန်းမှုအတွက် များစွာ ကျေးဇူးတင်ကြောင်း AA က ထုတ်ပြန်ထားသည်။
•    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်တပ်ကို ပြီးခဲ့သည့် သုံးရက်အတွင်း တိုက်ခိုက်ခဲ့ ရာ စစ်ကောင်စီဘက်မှ ၂၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း KNU တပ်မဟာ ၁ နယ်မြေတွင် စုဖွဲ့ထားသော မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ မိုးကောင်းမြို့နယ်ဘက်သို့ တပ်အပြောင်းအလဲပြုလုပ်ရန် ထွက် လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို  KIA တပ်မဟာ (၉) လက်အောက်ခံ၊ တပ်ရင်းအမှတ် (၄၄) က မေလ ၁၄ရက်မှ မေလ ၁၆ရက်အထိ သုံးရက် ကြာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိတစ်ဦး အပါအဝင် လေးဦးသေဆုံးခဲ့ကြောင်း ဖားကန့်ဒေသခံ သတင်းရင်းမြစ်များက မဇ္ဈိမကို ပြောသည်။
•    ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုအရှေ့ခြမ်း ၊ တနီးလာလဲတောင်ကြောပေါ်တွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပူးပေါင်းအဖွဲ့များ အကြားတိုက်ပွဲများပြင်းထန်နေသည်မှာ ငါးရက်ရှိပြီဖြစ်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်းရှိကြောင်း KNDF၏ ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ
•    စစ်ကောင်စီ အဖွဲ့ဝင် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် မေ ၁၇ ရက်က စစ်တွေ နှင့် ပုဏ္ဏားကျွန်းမြို့တို့ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး ထောပ်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။
•    မိုခါ မုန်တိုင်းတိုက်ခတ်ခဲ့သည့် ဒေသများရှိ ပြည်သူများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ နှင့် ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)၏ မြန်မာနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး နှင့် ဌာနေကိုယ်စားလှယ်တို့နှင့် မေ ၁၇ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။
•    ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဝင်ရောက်တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မေ ၁၇ ရက်၊ မွန်းလွဲပိုင်းအထိ စာရင်းများအရ လူနေအိမ် လေးသောင်းခွဲ နီးပါး နှင့် သေဆုံးသူ ၄၈ ဦး ရှိထားသည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
•    မန္တလေးမြို့မှ CDM ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့်၍ ယာယီအပိတ်ခံရသည့် ပုဂ္ဂလိက ဆေးရုံ ၅ ရုံအနက်မှ ဆေးရုံ ၃ ခု၏ လိုင်စင်ကို ပယ်ဖျက်လိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့က မေ ၁၅ ရက်စွဲဖြင့် အမိန့်ထုတ်ပြန် ထားသည်။
•    "မိုခါ"မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အတွင်း၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုနှင့်ပတ်သက်၍ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၀၂၀ ဦးဖြင့် လျှပ်စစ် ဓာတ်အားအမြန်ဆုံးပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။
မေ ၁၈ ရက် သုံးသပ်ချက်
•    စစ်ကောင်စီသည် CDM လှုပ်ရှားမှုတွင် ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများကို အလုပ်ခန့် ထားသည့် အတွက် ပုဂ္ဂလိကဆေးရုံများကို လိုင်စင်ရုပ်သိမ်းနေသလို CDM ဆရာဝန်များ ဖမ်းဆီးခြင်းများ ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းများကို ပြုလုပ်ပြီး CDM ပြုလုပ်သူများကို နှိပ်ကွပ်နေသည်ကို တွေ့ရသည်။
•    အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ဒေါ်လာ တစ်ဘီလီယံဖိုး စစ်လက်နက်ပစ္စည်းများ ဝယ်ယူ ခဲ့သည်ကို ကြည့်ပါက စစ်ကောင်စီသည် ပြည်သူ့ဘတ်ဂျက်များဖြင့် ၎င်းတို့ ကာကွယ်ရေး အတွက် အသုံးစရိတ် အများဆုံး သုံးထားသည်ကို တွေ့ရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly