မတ္တရာတွင် စစ်ကြောင်းထိုး မီးရှို့လူသတ်နေသည့်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်

By 008 (မဇ္ဈိမ)
18 May 2023
မတ္တရာတွင် စစ်ကြောင်းထိုး မီးရှို့လူသတ်နေသည့်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ တိုက်ခိုက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းရှိကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့ လူသတ်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၇ ရက်နေ့က မြွေကျည်ကုန်းကျေးရွာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောကြီးမြွေပွေးတပ်ဖွဲ့က ယနေ့ မေလ ၁၈ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲကို တောကြီးမြွေပွေးတပ်ဖွဲ့၊ ကောင်းကင်တော်လှန်ရေးအင်အားစု၊ ပြည်သူ့ရဲတပ်ဖွဲ့၊ လုံခြုံ ရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးဌာနကြီးအဖွဲ့(၅)၊ မန္တလေးတိုင်းအခြေစိုက် စိန်ပန်းနီနီတပ်ဖွဲ့တို့ကပူပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ သွားကြောင်းသိရသည်။

ယခုတိုက်ခိုက်ခံရသော စစ်ကောင်စီစစ်ကြောင်းသည် မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာများဖြစ် သည့် အောက်တောင်ကိုင်း၊ ဥဒိန်၊ ရွာတော်ကြီး၊ သူရဲဇက်၊ မြွေကျည်ကုန်း စသည့် ကျေးရွာများသို့ ပတ်မွှေ မီးရှို့ခဲ့သောစစ်ကြောင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required