“ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

By ပါခွီး (မဇ္စျိမ)
18 May 2023
“ကြောက်ခေတ်ကို မှောက်ပစ်” ဆိုသည့် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ယနေ့ မေလ ၁၈ရက်တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကြောက်ခေတ်ကို မှောက်ပစ်” စာတန်းကို ကိုင်စွဲပြီး ပုသိမ် - မုံရွာလမ်းမပေါ်ရှိ ယမားတံတားပေါ်နှင့် ကျေးလက်ဈေးတစ်ခုတွင် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။ 

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မတီ၏  ၇၉၂  ရက်မြောက်အဖြစ် ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။ 

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည် ။

စာတည်း။ ။အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required