စင်ကာပူတွင် ထိုင်းနှင့် မြန်မာမှ တင်သွင်းသော တရားမဝင် စားသောက်ကုန် ၆ တန်ကျော်ကို ဖမ်းဆီးရမိ

စင်ကာပူတွင် ထိုင်းနှင့် မြန်မာမှ တင်သွင်းသော တရားမဝင် စားသောက်ကုန် ၆ တန်ကျော်ကို ဖမ်းဆီးရမိ

စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စနေနေ့ကြား စီးနင်းမှုများအတွင်း ထိုင်းနှင့် မြန်မာမှ တင်သွင်းသော တရားမဝင် စားသောက်ကုန် ၆ ဒသမ ၈ တန်ခန့်ကို ဖမ်းဆီးရမိသည်။

စက်မှုအဆောက်အအုံ Mandai Link နှင့် အစားအစာ လက်လီဈေးများဖြစ်သော Textile Centre နှင့် Peninsula Plaza တို့အပါအဝင် နေရာစုံကို ဝင်ရောက်စီးနင်းခြင်းဖြစ်ကြောင်း စင်ကာပူ အစားအစာအေဂျင်စီ SFA က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

တစ်ခုသော ဖြစ်စဉ်တွင် ပိုးကောင်များ ပါဝင်သည့် အင်းဆက်ထုတ်ကုန် အမြောက်အမြားနှင့် အမဲသား၊ ဝက်သား၊ ကြက်သား၊ သိုးသားနှင့် ဝက်သွေးတို့ကိုကဲ့သို့ ပြုပြင်ထားသော ကုန်ကြမ်းထုတ်ကုန်များကို Mandai Link အဆောက်အအုံအနီး ကားတစ်စီးအတွင်း SFA တာဝန်ရှိသူများက တွေ့ရှိသည်။

ထို စားကုန်များမှာ ဥပဒေခွင့်ပြုချက် မရှိဘဲ ထိုင်းဘက်မှ တရားမဝင် တင်သွင်းထားခြင်း ဖြစ်သည်။

အမြဲတမ်း နေထိုင်ခွင့်ရ လူနှစ်ဦးက အဆိုပါ စက်မှုအဆောက်အအုံ ဂိုထောင်တစ်ခုတွင် အအေးခံစက် သုံးခုဖြင့် လိုင်စင်မဲ့ အအေးခန်းကို တရားမဝင် လည်ပတ်နေသည်ကိုလည်း တွေ့ရှိသည်။

ထိုင်းနှင့် မြန်မာဘက်မှ တင်သွင်းလာသော အသားစိမ်းများနှင့် အင်းဆက်ထုတ်ကုန်များကို Textile Centre နှင့် Peninsula Plaza တို့ရှိ ဆိုင် ရှစ်ဆိုင်တွင် တရားမဝင် ရောင်းချနေသည်ကို SFA တာဝန်ရှိသူများက ဖော်ထုတ်တွေ့ရှိသည်။ ထို ရောင်းချနေသော ထုတ်ကုန်များတွင် ဘဲသား၊ စက်သား၊ သိုးသားနှင့် ပုရစ်တို့လည်း အပါအဝင် ဖြစ်သည်။

အဆိုပါ ရောင်းချသော ဆိုင်များတွင် သုံးဆိုင်မှာ တရားဝင်ခွင့်ပြု လိုင်စင်မရှိဘဲ ရောင်းချနေခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးမှု ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်သည်ဟု SFA က ပြောသည်။

မသိရသော ရင်းမြစ်မှ တရားမဝင် စားသောက်ကုန်များ တင်သွင်းခြင်းသည် အစားအစာ ဘေးကင်းရေးအတွက် အန္တရာယ် ရှိနိုင်သည်ဟု ယင်း အေဂျင်စီက သတိပေးသည်။

အသားနှင့် စားသောက်ကုန်များကို စင်ကာပူ အစားအစာ ဘေးကင်းရေး လိုအပ်ချက်များကို လိုက်နာသော အတည်ပြုနိုင်ငံများမှ ယုံကြည်ရသည့် ရင်းမြစ်များထံမှ ခွင့်ပြုလိုင်စင်ရှိ သွင်းကုန်သမားများသာ တင်သွင်းနိုင်သည်ဟု ယင်း ဖြည့်စွက်ပြောသည်။

သက်ဆိုင်ရာ တင်သွင်းလိုင်စင် မရှိဘဲ အသားနှင့် ပင်လယ်စာထွက်ကုန်များ တင်သွင်းလျှင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၀,၀၀၀ သို့မဟုတ် ထောင်ဒဏ် နှစ်နှစ် သို့မဟုတ် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။ ထပ်၍ ကျူးလွန်သူများကို ငွေဒဏ် ဒေါ်လာ ၁၀၀,၀၀၀၊ ထောင်ဒဏ် သုံးနှစ်နှင့် ပြစ်ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly