တရုတ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာခံနေရတဲ့ တောင်ကိုးရီးယားဘောလုံးသမား

တရုတ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတာခံနေရတဲ့ တောင်ကိုးရီးယားဘောလုံးသမား
ဆွန်ဂျွန်ဟို (ယာ)

တရုတ်နိုင်ငံမှာ တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးကစားသမားတစ်ဦးကို အတိအကျမဖော်ပြထားတဲ့ အကြောင်းပြချက်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းတစ်ရပ်က တနင်္လာနေ့က ပြောပါတယ်။

ဒီကစားသမားဟာ သောကြာနေ့က ရှန်ဟိုင်းလေဆိပ်မှာ ထိန်းသိမ်းတာခံခဲ့ရတယ်လို့ တောင်ကိုရီးယားသတင်းဌာနအရ သိရပါတယ်။

တရုတ်ဘောလုံးလောကမှာ အဂတိလိုက်စားမှုနဲ့ လုပ်ပွဲတွေကို ဖြိုခွင်းနှိမ်နင်းမှုပြုလုပ်နေစဉ်အတွင်း ဆွန်ဂျွန်ဟိုကို ထိန်းသိမ်းထားတဲ့ သတင်းတွေ ထွက်ပေါ်လာတာပါ။

တရုတ်ဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ဘောလုံးတာဝန်ရှိသူ လေးဦးထက်မနည်းကို မှားယွင်းစွပ်စွဲမှုဖြင့် ဖမ်းဆီးခဲ့ပါတယ်။

တရုတ်အခြေစိုက် ဆွန်ဂျွန်ဟိုဟာ "ထိန်းသိမ်းထားစဉ် လျောင်နင်းပြည်နယ်ရှိ ပြည်သူ့လုံခြုံရေးအာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းတာခဲ့နေရပါတယ်"လို့ ဆိုးလ်မြို့ရဲ့ Yonhap သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီသတင်းကို ပေကျင်းမြို့ရှိ တောင်ကိုရီးယားသံရုံးမှ အမည်မသိအရာရှိတစ်ဦးကို ကိုးကားခဲ့တာပါ။

“အဲဒီဒေသအတွက် တာဝန်ရှိကောင်စစ်ဝန်က လိုအပ်တဲ့ ကောင်စစ်ဝန်နဲ့ သက်ဆိုင်တဲ့ အကြံဉာဏ်နဲ့ အကူအညီတွေ ပေးနေပါတယ်”လို့ အဲဒီတာဝန်ရှိသူရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြထားပါတယ်။

ဆိုးလ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီသတင်းကို ချက်ချင်း အတည်မပြုနိုင်သေးဘူးလို့ ဝန်ကြီးဌာန ကိုယ်စားလှယ်တစ်ဦးက AFP ကို ပြောပါတယ်။

အသက် ၃၁ နှစ်ရှိ ကွင်းလယ်ကစားသမား ဆွန်ဟာ တရုတ်စူပါလိဂ်ရဲ့ Shandong Taishan FC အသင်းမှာ ၂၀၂၁ ကတည်းက အသင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။

သူဟာ မနှစ်က ကာတာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုးရီးယားအသင်းရဲ့ ၄ ပွဲမှာ ၃ ပွဲ ပါဝင်ကစားခဲ့ပါတယ်။

Ref; AFP/BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly