လူနည်းစုဘာသာတွေကို စစ်ကောင်စီက ဆက်လက်ဖိနှိပ်နေဆဲဖြစ်တာကြောင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်လက်သတ်မှတ်

လူနည်းစုဘာသာတွေကို စစ်ကောင်စီက ဆက်လက်ဖိနှိပ်နေဆဲဖြစ်တာကြောင့် စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန် ဆက်လက်သတ်မှတ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီဟာ လူနည်းစုဘာသာဝင်တွေကို ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်နေတုန်းပဲလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken  အန်တိုနီဘလင်ကန်က ပြောလိုက်ပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်မရှိတဲ့ စိုးရိမ်ရတဲ့နိုင်ငံအဖြစ် အမေရိကန်ပြည်ထောင်စုက ဆက်လက်သတ်မှတ်ထားပါတယ်။ 

 

ဒါ့အပြင် စစ်တပ်ရဲ့ လုပ်ရပ်တွေကိုဆန့်ကျင်ပြီး မြန်မာနိုင်ငံက ထောင်နဲ့ချီတဲ့ ဆရာ၊ဆရာမတွေဟာ မတူညီတဲ့ ဘာသာလူမျိုးအချင်းချင်းကြား လေးစားမှုရှိဖို့နဲ့ လူ့အခွင့်အရေးစံထားတွေလိုက်နာဖို့ သင်ကြားပေးနေတာတွေလည်း တွေ့ရတယ်လို့ သူကပြောခဲ့ပါတယ်။

 

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို အံ့တုပြီး ရဲရဲရင့်ရင့်နဲ့ အသိပညာ ဖြန့်ဝေပေးနေတဲ့သူတွေဘက်ကနေ အမေရိကန်ပြည်ထောင်စုက အမြဲရပ်တည်နေပြီး၊ ထောက်ခံအားပေးသွားမယ်လို့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာ ထုတ်ပြန်တဲ့အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာကို ဝါရှင်တန်ဒီစီမှာ တနင်္လာနေ့က ထုတ်ပြန်ရာမှာ ဝန်ကြီး အန်တိုနီဘလင်ကန်က ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့တိုင်းပြည်စာရင်းထဲ အမေရိကန်ပြည်ထောင်စုက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှာ ထပ်မံထည့်သွင်းခဲ့တာပါ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly