စစ်ရေးနဲ့အပြိုင် ပြန်လည်တည်ဆောက်ရေးကိုပါ ကြိုးစားနေတဲ့ NUG

စစ်ရေးနဲ့အပြိုင် ပြန်လည်တည်ဆောက်ရေးကိုပါ ကြိုးစားနေတဲ့ NUG

 

စစ်အာဏာရှင်တော်လှန်ရေး အဆုံးသတ်တိုက်ပွဲအတွက် စစ်ရေးအရှိန်မြှင့်လာသလို တစ်ဖက်မှာလည်း ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေကိုပါ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဆောင်ရွက်နေတာတွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေဖျက်ဆီးခဲ့တဲ့ လူပေါင်းများစွာရဲ့ ဘဝတွေ ပြန်လည်ရှင်သန်ရေးအတွက်ဆောင်ရွက်နေသလို နိုင်ငံတကာဆက်ဆံရေး၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး၊ မဟာမိတ်ဆက်ဆံရေး၊ CDM ဝန်ထမ်းတွေ အရေးအပြင် ဘဏ္ဍာရေးနဲ့ စီးပွားရေးကဏ္ဍတွေကိုပါ ဟန်ချက်ညီအောင် ကြိုးစားနေခဲ့တာဖြစ်ပါတယ်။ ဒီလို ကဏ္ဍပေါင်းများစွာကို ဟန်ချက်ညီအောင်ကြိုးစားနေတဲ့ NUG ရဲ့လုပ်ဆောင်ချက်တချို့အပေါ် အမြင်ကွဲလွဲမှုတွေ လည်း ရှိကောင်း ရှိမှာ သေချာပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required