ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

By မင်းထက် (မဇ္စျိမ)
14 May 2023
ကြံခင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ မေ လ ၁၄ ရက်နေ့ ညနေပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

"နာဂစ်ခြေဥ ငါတို့မမေ့ စစ်ခွေးရန်၊ မိုခါမုန်တိုင်းဘေးမှ အားလုံးကင်းဝေးကြပါစေ"စာသားပါ ဘန်နာ(ဗီနိုင်း) အားကိုင်စွဲကာ ကြံခင်းမြို့ပေါ် တစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်ဟု သပိတ်ကော်မတီဝင်တစ်ဦးကပြော သည်။

စကြဝတေးမင်းကြီးသပိတ်ကော်မတီသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှု သည် အဆိုပါသပိတ်ကော်မတီ၏ (၈၁)ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်။

#ဆန္ဒပြ

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly