နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ မေ  ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ မေ  ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    တနင်္သာရီတိုင်းထားဝယ်အထူးစီးပွားရေးဇုန်အနီးရှိ နဘုလယ်ဒေသကို အကြမ်းဖက်စစ်တပ်က ပထမဆုံး အကြိမ် လေကြောင်းကနေဗုံးကျဲ တိုက်ခိုက်နေကြောင်း တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့ပြန် ကြားရေး က ဒီနေ့မှာ ထုတ်ပြန်သည်။
•    သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မျိုးမင်းက CRPH/NUG Support Group (Queensland) ၏ ဖိတ်ကြားချက်အရ ဒုတိယ ပြည်ထောင်စုဝန်ကြီး ဦးခွန်းဗဟန်းထန် နှင့် အတူ မေလ ၁၃ ရက်နေ့က ကွင်းစလန်းပြည်နယ်မြို့တော် ဘရစ်ဘိန်း ကို လေကြောင်းဖြင့်သွားရောက်ခဲ့ကြောင်း သိရသည်။
•    ချင်းပြည်နယ်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြအနေများကို ICNCC နှင့်  လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ မြို့နယ် တာဝန်ခံများ နှင့် ကြိုတင်သတိပေးခြင်း ကာကွယ်၊ ကယ်ဆယ်ရေးအပိုင်းများကို လက်တွဲ ဆောင်ရွက်ဖို့ ညှိနှိုင်း ဆွေးနွေးထားသည့်အပြင် ဆက်သွယ်ရေးကွန်ရက်များကိုလည်း ထူထောင် ထား တာရှိကြောင်း NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာ ဒုဝန်ကြီး ဒေါက်တာငိုင်တမ်မောင်က မဇ္စျိမကို ပြောသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မုန်တိုင်းဒဏ်သင့်ဒေသများအတွက် မတည်ထားသည့် ဒေါ်လာ တစ်သန်းကို သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ဖြန့် ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

•    ဆိုင်ကလုံး မိုခါ ဒဏ်သင့်မည့် ပြည်သူများအတွက် သဘာ၀ဘေးဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် အသင့်အနေအထာပြင်ဆင်ထားပြီးဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ UNOCHA က မေလ ၁၄ ရက်မှာ သတင်းထုတ်ပြန်လိုက်သည်။
•    စစ်ကိုင်းတိုင်း ၊ မုံရွာမြိုရှိ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း Golden Eagle Force – Monywa တာ၀န်ရှိသူက ပြောသည်။
•    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်း နေစဉ် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းမှကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသဖြင့် ဒေသခံ များထွက်ပြေးနေရကြောင်း မြို့ခံများက ပြောသည်။
•    အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့တွင် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းပြီး မြန်မာ ပြည်သူများကို နှိပ်စက်နေသော တရုတ်အစိုးရအား ကမ္ဘာလုံးဆိုင်ရာ ရှီကျင်ပင်တရုတ်အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲအဖြစ် နွေဦးတော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း PDF သတင်းရင်းမြစ်က ပြောသည်။
•    တောင်ကိုရီးယားနိုင်ငံ၊ ဂွန်ဂျူးလေးမြို့တွင် We Love Mother Land -Korea မှ ဦးဆောင်ကာ နွေဦးတော် လှန်ရေး ရန်ပုံငွေ ဘောလုံး ပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    တောင်ကိုရီးယားနိုင်ငံရှိ မြို့ကြီးများတွင် ပြည်ပရောက် မြန်မာ တော်လှန်လူငယ် အဖွဲ့အစည်းများ ဦးဆောင်ကာ စစ်ဘေး ရှောင်ပြည်သူများ ရန်ပုံငွေ ရရှိရေး မြန်မာ့အရေး ဓာတ်ပုံပြပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
•    မိုခါ စူပါ ဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်နေချိန်တွင် စစ်ကောင်စီက တနင်္သာရီ တိုင်း ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို တိုက်လေယာဉ်ဖြင့် ဗုံးလာရောက်ကျဲချနေကြောင်း ဒေသခံများကဆိုသည်။
•    အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံး ရှေ့တွင် မြန်မာစစ်ကောင်စီနှင့် ပူးပေါင်းပြီး မြန်မာ ပြည်သူများကို နှိပ်စက်နေသော တရုတ်အစိုးရအား ကမ္ဘာလုံးဆိုင်ရာ ရှီကျင်ပင်တရုတ်အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲအဖြစ် နွေဦးတော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကူညီထောက်ပံ့နိုင်ရန် အတွက် တော်လှန်ရေးရဲဘော်များကိုယ်တိုင်သီဆိုထားသည့် သီချင်း ခုနစ်ပုဒ်ပါ “ကမ္ဘာပြိုခဲ့ကြသူများ” တေးသီချင်း Mini Album မေလ၁၀ရက်နေ့မှစတင်ကာ ထွက်ရှိခဲ့ကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

•    ပစ်ခတ်လုပ်ကြံခံရပေမယ့် လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းများ ရပ်တန့်သွားမှာ မဟုတ်ဘဲ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်-PNLO က ထုတ်ပြန်ထားသည်။
•    ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်ကို ရိက္ခာပို့သည့် အကြမ်းဖက်စစ်တပ်ယာဥ်တန်းကို KNLA နှင့် ပူး ပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ ၈ဦးသေခဲ့ပြီး ၅ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
•    ရခိုင်မျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) အနေဖြင့် "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံရနိုင်သည့် မြေနိမ့်ပိုင်း၊ပင်လယ်ကမ်းနားနှင့် နီးသည့် ပြည်သူများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းထားခဲ့ရာ ဒေသခံပြည်သူ ၁၀၁,၉၉၉ ဦးအား ဘေးလွတ်ရာသို့ ပြောင်းရွေ့ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA) ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခ မဇ္ဈိမကိုပြောသည်။
•    ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်၊ ဇိုခွာကျေးရွာအနီးတွင် မေလ ၁၃ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းပူး ပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၁ဦး သေဆုံးခဲ့ကြောင်း ချင်းအမျိုးသား တပ်မတော် (CNA) တာ၀န်ရှိသူထံက သိရသည်။
•    ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ တပ်မဟာ (၃) နယ်မြေ ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် စစ်ကောင်စီက အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည့် ဒေသခံ ဦးရေ ၂၀ ၏ ရုပ်အလောင်းကို တွေ့ရှိထားသည်ဟု KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောကလယ်စေးထံက သိရသည်။

စစ်ကောင်စီ

•    ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များကို ကင်းစင်ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်က မေလ ၁၂ ရက်နေ့က ကျိုင်းတုံ တပ်နယ်မှ စစ်တပ် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
•    မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးကို တစ်ဦးတစ်ယောက်မျှမကျန်အောင် ကူညီဆောင်ရွက်ပေးရန်နှင့် ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်အောင်မြင်စွာကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ် စောင့်ကြည့်ပြီး အချိန်နှင့်တစ်ပြေးညီလိုအပ်ချက်တွေ ဖြည့်ဆည်းဆောင်ရွက်နေကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ယနေ့ မေလ ၁၄ ရက်မနက်က ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အရေးပေါ်အစည်းအဝေးတွင် ပြောသည်။
•    စစ်ကောင်စီ နှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား ကုန်သွယ်မှု မြှင့်တင်ရေး နှင့် China-Myanmar Innovation Demonstration Park တည်ထောင်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရ သည်။

မေ ၁၄ ရက် သုံးသပ်ချက်

•    မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တော်လှန်ရေးပြိုကွဲအောင် စစ်ကောင်စီကို ကူညီနေသည့် တရုတ်နိုင်ငံကို ပြည်သူများက ဆန့်ကျင်ဆန္ဒပြနေပြီး တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်း ရေးတွင် ပိုမိုစွက်ဖက်လာပါက ပြည်တွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားရေးများ ထိခိုက်လာ ဖွယ်ရှိသည်။
•    အကြမ်းဖက်မင်းအောင်လှိုင်က မုန်တိုင်းအန္တရာယ်အောင်မြင်စွာကျော်လွှားနိုင်ရေးနှင့် မြန်မာနိုင်ငံသား တစ်ဦးမကျန် ကူညီဆောင်ရွက်မည်ဟု ပါးစပ်ကပြောနေသော်လည်း တကယ်လက်တွေ့တွင် မုန်တိုင်း ဧရိယာထဲ ပါဝင်နေသည့် ဒေသများတွင် စစ်ကြောင်းထိုးနေ၍ ပြည်သူများ မိုးထဲရေထဲတွင် ပြေးလွှား နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly