အဆင့် ၅ ဟာရီကိန်းမုန်တိုင်းမှာ ဘာတွေ ပြင်ထားရမလဲ

အဆင့် ၅ ဟာရီကိန်းမုန်တိုင်းမှာ ဘာတွေ ပြင်ထားရမလဲ
Photo-AFP

တကယ်လို့ အဆင့် ၁ ဟာရီကိန်းမုန်တိုင်းဆိုရင် တော်တော်များများဟာ သူတို့ရဲ့ အသက်အိုးအိမ်အတွက် အနည်းငယ်သာ စိုးရိမ်ကြမှာ ဖြစ်ပေမယ့် အဆင့် ၅ ဆိုရင်တော့ ဆန့်ကျင်ဘက် ဖြစ်သွားပါပြီ။ အဆင့် ၅ ဟာရီကိန်း မုန်တိုင်း ချည်းကပ်လာပြီဆိုတဲ့ ကြေညာချက်တစ်ရပ်ဟာ ရဲရင့်ပါတယ်ဆိုတဲ့ လူတွေကိုတောင် တောင်ကုန်းတွေဆီ ပြေးစေမှာပါ။ ကတ်တရီနာ၊ ဝဲလ်မာနှင့် အင်ဒရူးတို့လို မကြာသေးခင်က အဆင့် ၅ ဟာရီကိန်းတွေကြောင့် ဒီ မုန်တိုင်းတွေရဲ့ ဖျက်ဆီးနိုင်စွမ်းကို သံသယ ရှိစရာ မလိုပါဘူး။ ပျက်စီးခဲ့ရတဲ့ ပုံရိပ်တွေဟာလည်း ကွက်ကွက်ကွင်းကွင်း ရှိနေတာဖြစ်ပြီး ဘယ်လိုလူမျိုးမှ ဒီလို သဘာဝဘေးတစ်ခုမှာ ဘေးအန္တရာယ် စွန့်စားမှာ မဟုတ်ပါဘူး။

အဆင့် ၅ ဟာရီကိန်းတွေဟာ ပြင်းအား အမြင့်ဆုံးတွေဖြစ်ပြီး လေတိုက်နှုန်းက အမြင့်ဆုံး တစ်နာရီ ၁၅၇ မိုင်အထိ ရှိပါတယ်။ အဆောက်အအုံတွေကို လုံးလုံး ဒါမှမဟုတ် လုံးဝနီးပါး ပျက်စီးစေနိုင်တဲ့ မုန်တိုင်းတွေပဲ ဖြစ်ပြီး ကုန်းတွင်း ၅ မိုင်မှ ၆ မိုင် အကွာမှာ ရှိတဲ့ အဆောက်အအုံတွေပဲ ကျန်ရစ်နိုင်တာပါ။ အဆင့် ၅ မုန်တိုင်းကြောင်း ဆိုးဝါးတဲ့ ရေကြီးမှုတွေ ဖြစ်စေပြီး ကမ်းရိုးတန်းဒေသက အဆောက်အအုံအားလုံး ရေကြီးရေလွှမ်းမှာ ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ကုန်းတွင်းပိုင်း လေး၊ ငါး ဘလောက်အထိ ပျက်စီးမှု ဖြစ်စေနိုင်ပြီး မုန်တိုင်းအကြိုကတည်းက ဘေးလွတ်ရာ ရွှေ့ပြောင်းမှုတွေ ရှိမှာပါ။ ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်မှုကလည်း လအတန်ကြာတဲ့အထိ ဖြစ်နေပြီး မုန်တိုင်း လမ်းကြောင်းထဲက ဧရိယာတွေရဲ့ အပျက်အစီးဟာ နှစ်အတော်ကြာအထိ ရှိနေဦးမှာပါ။

အဆင့် ၅ ဟာရီကိန်းမှာ ဘယ်လို ရှင်သန်မလဲ

အဆင့် ၅ ဟာရီကိန်းမုန်တိုင်းအတွင်းမှာ ဘာတွေ လုပ်ဆောင်ထားသင့်ပါသလဲ။ လွယ်ကူပါတယ်၊ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ပါပဲ။ အဆင့် ၅ ဟာရီကိန်းကို အရဲစွန့်ဖို့တော့ မသင့်ပါဘူး။ ဒီ မုန်တိုင်းတွေဟာ သေစေနိုင်တဲ့ ဖျက်အားပြင်း မုန်တိုင်းတွေပါ။

ဟာရီကိန်း သက်ရောက်ရာ ဧရိယာတွေက ဒေသခံတွေကို မုန်တိုင်းရဲ့ ဖွဲ့တည်မှုကို စောင့်ကြည့်ဖို့ တွန်းအားပေးရမှာပါ။ ပင်လယ်ထဲမှာပဲ ရှိနေတဲ့အချိန် မုန်တိုင်း ဝင်ရောက်နိုင်ခြေရှိတဲ့ လမ်းကြောင်းနဲ့ အားကောင်းလာနေတဲ့ အခြေအနေတွေကို စောင့်ကြည့်နေရမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အဆိုးဆုံး ကြုံမှာမျိုးအတွက် ပြင်ဆင်အသင့်ရှိနေရမှာ ဖြစ်ပါတယ်။

အိတ်တွေ ထုပ်ပိုးထားတာ၊ ရွှေ့ပြောင်းမယ့် လမ်းကြောင်း စီစဉ်ထားတာတွေအပါအဝင် ကြိုတင်ပြင်ဆင်ထားရမှာပါ။ ရွှေ့ပြောင်းဖို့ ပြင်ဆင်တာ စောလေ၊ ပိုပြီး ကောင်းလေပါပဲ။ ရွှေ့ပြောင်းမယ့် လမ်းကြောင်းတွေမှာ လမ်းပြည့်ကျပ်တာတွေ၊ မြို့ပြင်မှာ ဟိုတယ်ရှာတွေ့ဖို့ ခက်ခဲတာတွေ ဖြစ်လာနိုင်ပါတယ်။ ထွက်ခွာဖို့အတွက် စီစဉ်တဲ့ အချိန်မှာပဲ တတ်နိုင်သလောက် ဟိုတယ်ကြိုတင်စာရင်းပေးတာမျိုး လုပ်ထားပါ။ ဒါဟာလည်း မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ ဟာရီကိန်းတွေဟာ ပုံမှန်အားဖြင့် ရက်အတော်ကြာကတည်းက ကြိုတင်သတိပေးနိုင်တာမျိုးမို့ ပြင်ဆင်ချိန်တော့ ရပါတယ်။ ရွှေ့ပြောင်းမယ့် အစီအစဉ်ဟာ နောက်ဆုံး မိနစ်မှ ကပ်လုပ်တာမျိုး မဖြစ်သင့်ပါဘူး။

အန္တရာယ်ဇုန်ထဲက ထွက်လာနိုင်ပြီဆိုရင်တော့ အခြေအနေကို စောင့်ကြည့်ဖို့ ဘတ်ထရီအားသွင်း ရေဒီယိုနဲ့ တီဗီတွေကို သုံးနိုင်ဖို့ သေချာပါစေ။ အန္တရာယ် ကင်းစင်သွားပြီ၊ အရေးပေါ်ဌာနက ရှင်းလင်းပြီးပြီဆိုမှ အိမ်ကို ပြန်သင့်ပါတယ်။ ဒီနောက်ပိုင်းတောင် ရေသန့်ကိုပဲ အသုံးပြုသင့်ပါတယ်။ ရေပေးဝေရေးလိုင်းတွေ ထိခိုက်နိုင်တာကြောင့်ပါ။ ရေကြီးနေဆဲ ရေနဲ့ ရွှံ့တွေကို ထိတွေ့တာမျိုးလည်း ရှောင်ရမှာ ဖြစ်ပါတယ်။ ဆိုးဝါးတဲ့ ဒီလို မုန်တိုင်းတွေနောက်မှာ ရေအားလုံးဟာ ညစ်ညမ်းနေနိုင်တယ်လို့ သိထားရမှာ ဖြစ်ပါတယ်။

https://www.restorationsos.com/education/natural-disasters/hurricanes/wh...

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly