ဒေါက်တာဝင်းမြတ်အေး- "NUG ကို လေလှိုင်းအစိုးရလို့မပြောနဲ့"

ဒေါက်တာဝင်းမြတ်အေး- "NUG ကို လေလှိုင်းအစိုးရလို့မပြောနဲ့"

 ဆိုင်ကလုန်းမုန်တိုင်း MOCHA သည် မုန်တိုင်းဗဟိုချက်အနီးတွင် လေတိုက်နှုန်း မိုင် ၁၁၀ ခန့်အထိတိုက်ခိုက်နိုင်ပြီး လက်ရှိခန့်မှန်းထားချက်များအရ မုန်တိုင်းလမ်းကြောင်းကျနိုင်သောဇုံများမှာ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်တို့ပါဝင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။ 

မုန်တိုင်းဘေးအန္တရာယ်၊ အရေးပေါ်ကယ်ဆယ်ရေးနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရကပြင်ဆင်နေမှုများနှင့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြေလမ်းများကို မဇ္ဈိမသတင်းဌာန စီမံခန့်ခွဲမှုအယ်ဒီတာ ကိုစိန်ဝင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားထာသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required