နယ်စပ်ဒေသမှဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ တောင်းဆို

နယ်စပ်ဒေသမှဖြတ်ပြီး လူသားချင်းစာနာမှုအကူအညီပေးဖို့ အာဆီယံကို NUG နှင့် တိုင်းရင်းသားအဖွဲ့များ တောင်းဆို

အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့နေရာမှာ နယ်စပ်ဒေသတွေဖြတ်ပြီး ဒေသခံတွေဆီအရောက်ပို့ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က တောင်းဆိုလိုက်ပါတယ်။

အာဆီယံအကူအညီပေးရေး သံတမန်အဖွဲ့ ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် တိုင်းရင်းသားအဖွဲ့တွေက အခုလိုအကြံပေး တောင်းဆိုလာတာဖြစ်ပါတယ်။

နယ်စပ်ကနေတစ်ဆင့် အကူအညီပေးတဲ့နေရာမှာလည်း စစ်ကောင်စီနဲ့ မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ KNU၊ KNPP၊ CNF နဲ့ NUG တို့ ပူးပေါင်းပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly