မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်

မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်

မြန်မာအရေးနဲ့ပတ်သက်ပြီး ပိုပြီးထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ လိုအပ်နေတယ်လို့အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးတန်းဝန်ကြီးတဦးက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့မှာ သတိပေးလိုက်ပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေဟာ ပိုမိုပြင်းထန်လာနေလို့ ဒီ့အတွက် ထိရောက်တဲ့ဆုံးဖြတ်ချက်တွေချဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံရေး၊ တရားဥပဒေနဲ့ လုံခြုံရေးဆိုင်ရာညှိနှိုင်းရေးဝန်ကြီး Mahfud MD က ပြောပါတယ်။

အစည်းအဝေးအတွင်း မြန်မာနိုင်ငံအတွင်း အာဆီယံယာဉ်တန်းတိုက်ခိုက်ခံရမှုအပါအဝင် မြန်မာ့အရေးကို အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်းပြောပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required