ရေဦးမြို့နယ် ချမ်းသာကျေးရွာမှ အထက်တန်းကျောင်းအား PDF များ မီးရှို့ဖျက်ဆီးဟု သတင်းမှားဖြန့်

By ZZ (မဇ္ဈိမ)
09 May 2023
ရေဦးမြို့နယ် ချမ်းသာကျေးရွာမှ အထက်တန်းကျောင်းအား PDF များ မီးရှို့ဖျက်ဆီးဟု သတင်းမှားဖြန့်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ချမ်းသာကျေးရွာမှ အထက်တန်းကျောင်းအား PDF များက မီးရှို့ခဲ့ သည်ဆိုသော သတင်းတစ်ခု လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ ယင်းအဆိုမှာ မှားယွင်းနေသည်။

Truth Media တယ်လီဂရမ်ချန်နယ်မှ မေလ ၅ ရက်နေ့တွင် “အကြမ်းဖက် PDF မြင့်ထွေးဦးစီးပြီး မိုင်းခွဲ၊ မီးရှို့ဖျက်ဆီးသွားတဲ့ ရေဦးနယ်၊ ပေါ်တူဂီ ကီလားတိုရဲ့ချမ်းသာကျေးရွာ၊ အထကအထက်တန်းကျောင်း ကြီး”(မူရင်းအရေးအသားအတိုင်း)ဆိုသည့်စာသားနှင့်အတူ ဓာတ်ပုံတစ်ပုံကို ဖြန့်ဝေထားသည်။ ၎င်းပို့စ် အား ကြည့်ရှုသူ ၁,၆၀၀ ကျော်ရှိနေပြီဖြစ်သည်။

မဇ္ဈိမမှ ယင်းသတင်းနှင့်ပတ်သက်၍စစ်ဆေးကြည့်ရာ PDF များမီးရှို့ခဲ့သည်ဆိုသည်မှာ မှားယွင်းနေသည် ကိုတွေ့ရသည်။

ချမ်းသာကျေးရွာအား စစ်ကောင်စီတပ်မှ ၂၀၂၂ ခုနှစ် မေလ ၇ ရက်၊ ဇွန်လ ၇ ရက်နှင့် ဒီဇင်ဘာလ ၁၄ ရက်တို့တွင် ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၄ နှင့် ၁၅ ရက်နေ့ကလည်း နေအိမ်များ အားလုံးကိုမီးရှို့ဖျက်ဆီးခဲ့သည့်အပြင် သမိုင်းဝင်ခရစ်ယာန်ဘုရားကျောင်းကြီးအားဖျက်ဆီးခဲ့ကာ မေလ ၄ ရက်နေ့တွင် အထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း People's Defense Comrade မှ ပြန် ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က‌ မဇ္ဈိမကိုပြောသည်။

“ဒီကောင်တွေက ဘယ်တုန်းကများ သူတို့ရှို့ပါတယ်လို့ ချပြဖူးလို့လဲ။ ဝါဒဖြန့်တဲ့မီဒီယာတွေက ဝါဒဖြန့်မှာ ပေါ့။ သူတို့က ပြီးခဲ့တဲ့ဇန်နဝါရီတုန်းကလည်း သမိုင်းဝင်ဘုရားကျောင်းတောင် မီးရှို့ခဲ့ကြတာ။ အခုကျမှ ဆရာဦးမြင့်ထွေးဦးဆောင်တဲ့ ပကဖအဖွဲ့ကလုပ်တယ်ဆိုပြီးပြောတာ” ဟု ၎င်းကဆိုသည်။

အဆိုပါအထက်တန်းကျောင်းအား စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရေဦးမြို့နယ် ချမ်းသာကျေးရွာမှ ဒေသခံတစ်ဦးကလည်း မဇ္ဈိမကို ဖြေဆိုသည်။

ထို့ပြင် ယင်းအထက်တန်းကျောင်းမီးရှို့မှုကို စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နောင်းနှင့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်တို့တွင် ဖော်ပြထားသည်။

လင့် - https://bit.ly/3LFkrix , https://bit.ly/3NONTFA

ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေးစာမျက်နှာမှလည်း ချမ်းသာရွာရှိအထက်တန်းကျောင်းကြီး အား စစ်ကောင်စီလက်အောက်ခံတပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း မေလ ၆ ရက်နေ့တွင် ဖော်ပြထားသည်။

လင့် - https://bit.ly/42dXnP4

ယင်းစာသင်ကျောင်းမှာ ကိုဗစ်ကာလမှစ၍ ယနေ့အချိန်ထိ စာသင်ကြားနိုင်ခြင်းမရှိသေးဘဲ စစ်ကောင်စီ တပ်ရန်ကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှာ ထွက်ပြေးတိမ်းရှောင်လာသူများအား ချက်ပြုတ်ကျွေး မွေးလေ့ရှိသည့် နေရာလည်းဖြစ်သည်။

ထို့ကြောင့် ရေဦးမြို့နယ် ချမ်းသာကျေးရွာရှိ အထက်တန်းကျောင်းကြီးအား PDF များမှ မီးရှို့ခဲ့သည်ဆို ခြင်းမှာ သတင်းအမှားသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster

#Fake_News

#ရေဦး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly