မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ အမျိုးသား ၁ ဦး မီးလောင်သေဆုံး

By KMN(မဇ္ဈိမ)
07 May 2023
မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး၊ အမျိုးသား ၁ ဦး မီးလောင်သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို မေလ ၆ ရက်နေ့ နံနက်ပိုင်းက   စစ်ကောင်စီတပ်သားများမှ မီးရှို့ဖျက်ဆီးခဲ့ပြီး အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မြင်းမူမြို့ နယ် သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောကြားသည်။

မေလ ၆ ရက်နေ့ နံနက် ၆ နာရီခန့်က ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာမှထွက်လာသည့် အကြမ်း ဖက်စစ်ကောင်စီစစ်ကြောင်းသည် မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို အကြမ်းဖက် ဝင်ရောက်စီး နင်းမီးရှို့ခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော်ခန့်မီးလောင်ဆုံးရှုံးပြီး အမျိုးသားတစ်ဦးမီးလောင်သေဆုံးခဲ့ကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သေဆုံးဆုံးသူက အသက်(၄၈)နှစ်အရွယ် အမျိုးသားပါ။ ဒဏ်ရာရအမျိုးသားက တစ်ဦးက အသက်(၅၀) နဲ့ တစ်ဦးက(၃၀)ကျော်အရွယ်ပါ။ မီးလောင်အိမ်ခြေက ၆၀၀ ဝန်းကျင်ထိရှိပြီး ကျန်ရှိအိမ်က ၅၀ ကျန် တယ်လို့ ရွာသားတွေကပြောပါတယ်။ စာရင်းအတိအကျကို ဒေသခံရွာသားတွေ မီးငြှိမ်းသတ်တာရော အ ခြားရှင်းလင်းရေးလုပ်နေရတာတွေကြောင့် မပြုစုရသေးဘူး” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။

လက်ထုတ္တောကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ကြက်၊ နွား၊ ဝက်များလည်း အများ အပြားသေဆုံးခဲ့ရသည်။

စစ်ကောင်စီစစ်ကြောင်းသည် လက်ထုတ္တောကျေးရွာကို မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် ရွာမြောက်ပိုင်းမှ စတင်မီးရှို့ခဲ့ပြီးနောက် နတ်ရေကန်ကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် စစ်ကြောင်းပြန်ထွက်သွားချိန်တွင် မီးဝင်ရောက်ငြှိမ်းသတ်ရာ စစ်ကောင်စီ တပ်သားများက ဂွေးပင်တောရွာအနောက်ဘက် ရေပိုးစားကန်ကွေ့မှ လက်နက်ကြီးများဖြင့် လှမ်းပစ်ခဲ့ ကြောင်းသိရသည်။

၎င်းစစ်ကြောင်းသည် ယနေ့ မေလ ၇ ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာ၌ အထိုင်ချ တပ်စွဲထားကြောင်း မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးမှ သိရသည်။

ဓာတ်ပုံ - မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး

စာတည်း။  ။စောဖေ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required