ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်စစ်ကြောင်း 

By ပါခွီး (မဇ္စျိမ)
04 May 2023
ဆားလင်းကြီးက ရွာပေါင်းစုံသပိတ်စစ်ကြောင်း 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြပွဲကို မေလ၄ရက် ယနေ့တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် သတင်းစာဆရာကြီးဦးဝင်းတင်၏အမှာစကားဖြစ်သော “စိတ်ဓာတ် မကျိုးပဲ့စေနဲ့၊ စုဖွဲ့မှု မကျိုးပဲ့စေနဲ့၊ ကျန်းမာရေးမကျိုးပဲ့စေနဲ့” စာတန်းကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။ 

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံသပိတ်ကော်မ၏ (၇၈၂) ရက်မြောက်အဖြစ်ချီတက်ခြင်းဖြစ်သည်။ 

ဆားလင်းကြီးမြို့နယ်မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့မှစတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။ အောင်ကျော်ဖြိုး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly