၂၀၂၃ Forbes ရဲ့ ကမ္ဘာ့လစာအများဆုံးရ ကစားသမားများစာရင်းမှာ ရော်နယ်လ်ဒို ထိပ်ဆုံးမှ ရပ်တည်

၂၀၂၃ Forbes ရဲ့ ကမ္ဘာ့လစာအများဆုံးရ ကစားသမားများစာရင်းမှာ ရော်နယ်လ်ဒို ထိပ်ဆုံးမှ ရပ်တည်

လက်ရှိကမ္ဘာ့လစာအများဆုံးရ အားကစားသမားမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုဖြစ်ပြီး သူ့ရဲ့နောက်မှာတော့ လီယွန်နယ် မက်ဆီ၊ ကိုင်လီယန် အမ်ဘာပေ၊ လီဘရွန်ဂျိမ်းစ်နဲ့ လက်ဝှေ့သမား ကာနီလို အယ်လ်ဗာရက်ဇ်တို့ ရပ်တည်ကြပါတယ်။

မားကတ်တင်းခေတ်မှာ အားကစားသမားတွေဟာ စားသုံးသူဈေးကွက်ကို အမှတ်တံဆိပ်သံတမန်တွေအဖြစ် ဦးဆောင်တဲ့အပြင် သူတို့လုပ်ဆောင်ရာကို အကောင်းဆုံးဖြစ်အောင် လုပ်ကြပါတယ်။ ဒီ အားကစားသမားတွေဟာ ကမ္ဘာပေါ်က အကျော်ကြားဆုံး ကုမ္ပဏီတွေအတွက် ဈေးကွက်ရှာဖွေရေးမှာ အဖိုးတန်သူတွေဖြစ်ကြပြီး ဒါ့ပြင် ပြင်ပစီးပွားရေးနယ်ပယ်မှာ သိသိသာသာ ဝင်ငွေပိုရတဲ့ စွန့်ဦးတီထွင်သူတွေလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် Forbes ရဲ့ လုပ်ခလစာအများဆုံး အားကစားသမားစာရင်းသစ်အရ ကမ္ဘာ့လုပ်ခအများဆုံးအားကစားသမားဆယ်ဦးဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း အခွန်နဲ့ အေးဂျင့်တွေရဲ့ အခကြေးငွေတွေ မကောက်ခံခင် စုစုပေါင်း ဒေါ်လာ ၁.၁၁ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ အရင်ကထက် အမြင့်ဆုံး အခြေအနေပါ။

အရှေ့အလယ်ပိုင်းမှာ ဂေါက်နဲ့ ဘောလုံးအားကစားတွေမှာ ရင်းနှီးမြုပ်နှံမှုတွေကြောင့် အားကစားသမားတွေဟာ အခုအခါမှာ အရင်ကထက် ငွေကြေးပိုရနေကြတယ်လို့ အစီရင်ခံစာက အကြံပြုထားပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒို၊ လီယွန်နယ် မက်ဆီ၊ ကိုင်လီယန် အမ်ဘာပေ၊ လီဘရွန်ဂျိမ်းစ်နဲ့ ကာနယ်လို အယ်လ်ဗာရက်ဇ်တို့ဟာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမားတွေ ဖြစ်လာခဲ့ပါတယ်။ သူတို့ဟာ ဒီစာရင်းမှာ ထိပ်ဆုံး ၅ နေရာကို ရယူနိုင်ခဲ့တာပါ။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီအာရေးဘီးယားကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ပြီးနောက် ကမ္ဘာ့လစာအများဆုံး အားကစားသမားဖြစ်လာခဲ့ပြီး ပီအက်စ်ဂျီကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီနှင့် ကိုင်လီယိုင် အမ်ဘာပေတို့ ထိပ်ဆုံးသုံးနေရာကနေ ရပ်တည်ခဲ့တယ်လို့ Forbes က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က မန်ချက်တာယူနိုက်တက်ကနေ ထွက်ခွာပြီးနောက် ၂၀၂၅ အထိ ဆော်ဒီကလပ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ရော်နယ်လ်ဒိုဟာ သူ့ရဲ့ တစ်နှစ်လစာ ခန့်မှန်းခြေ ကန်ဒေါ်လာ ၇၅ သန်းနဲ့အတူ ဒေါ်လာ ၁၃၆ သန်း ဝင်ငွေရရှိခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ပြောပါတယ်။

ရော်နယ်လ်ဒိုရဲ့ စာချုပ်ဟာ ယူရို သန်း ၂၀၀ (ဒေါ်လာ ၂၁၉.၉၈ သန်း) ကျော် တန်ကြေးရှိမယ်လို့ မီဒီယာတွေက ခန့်မှန်းထားပါတယ်။

ရော်နယ်လ်ဒိုရဲ့ နောက်မှာတော့ အသက် ၃၅ နှစ်ရှိ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက ဒေါ်လာသန်း ၁၃၀ နဲ့ ရှိပြီး ကလပ်အသင်းဖော်နဲ့ ပြင်သစ်အသင်းခေါင်းဆောင် အမ်ဘာပေက အသက် ၂၄ နှစ်မှာ ဒေါ်လာသန်း ၁၂၀ နဲ့ တတိယနေရာမှာ ရပ်တည်ပါတယ်။

ပီအက်စ်ဂျီကို Qatar Sports Investments က ပိုင်ဆိုင်ပါတယ်။

Los Angeles Lakers ကစားသမားနဲ့ NBA အကြီးကျယ်အခမ်းနားဆုံး လီဘရွန်ဂျိမ်းစ် (ဒေါ်လာ ၁၁၉.၅ သန်း)နဲ့ မက္ကဆီကန်လက်ဝှေ့သမား ကာနီလို အယ်လ် ဗာရက်ဇ် (ဒေါ်လာ သန်း ၁၁၀) တို့က ထိပ်ဆုံး ၅ အတွင်း ရပ်တည်ခဲ့ပါတယ်။

Forbes က ခန့်မှန်းခြေ ကွင်းပြင် စပွန်ဆာ သဘောတူညီမှုတွေ၊ သူတို့ရဲ့ ပုံရိပ် အခကြေးငွေတွေ၊ လိုင်စင်ဝင်ငွေနဲ့ ငွေသားပေးချေမှုရဲ့ တွက်ချက်နေစဉ်မှာ ယင်းရဲ့ ကွင်းတွင်းဝင်ငွေတွေဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ရရှိတဲ့ ဆုငွေ၊ လစာတွေနဲ့ ဘောနပ်စ်တွေ အားလုံး ပါဝင်ပါတယ်။

(NDTV)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required